Pop, R & Bအဆိုတော် နီနီခင်ဇော်ဟာ မြန်မာနိုင်ငံရဲ့ ဘီယွန်ဆေးလို့ တင်စားရလောက်အောင် အသံပါဝါအားကောင်းတဲ့  အဆိုရှင်မလေး ဖြစ်ပါတယ်။ သူမ Melody World 2009 ပြိုင်ပွဲက နေ ပထမဆုရှင်အဖြစ် အောင်မြင်ကျော်ကြားလာခဲ့ပြီး သူမရဲ့ဆိုဟန်ဆိုပေါက်ဟာ သာမန်ထက် ထူးခြားတဲ့ အသံရှင်ဖြစ်ပါတယ်။ 

သူမ ပထမဆုံး အသံသွင်းဖြန့်ချီခဲ့တဲ့ "မာရီယို"Album ဟာ သူမရဲ့ ဂီတအနုပညာခြေလှမ်းတွေမှာ ပန်းခင်းလမ်းတွေ ဖြစ်စေခဲ့သလို ပရိတ်သတ်တွေ အားပေးမှုကို အခိုင်အမာရရှိခဲ့တယ်လို့ ဆိုရမှာပါ။နောက်ထပ် ဒုတိယ Albumဖြစ်တဲ့ "Super Red" ဟာဆိုရင်လည်း အရမ်းကို အောင်မြင်ခဲ့သလို Super Red Albumနဲ့ တကွ နီနီရဲ့ ကိုယ်ပိုင်Brandဖြစ်တဲ့ Super Red lip နုတ်ခမ်းနီလေးတွေပါ ထွက်လာတာမို့ မိန်းခလေးတွေကြား အရမ်းကို လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။

The Voice သီချင်းဆိုပြိုင်ပွဲ ရဲ့  judgementတစ်ယောက်အဖြစ် ပါဝင်ခဲ့သလို လက်ရှိမှာတော့ တရုတ်-မြန်မာ ချစ်ကြည်ရေး ညစာ စားပွဲကို တက်ရောက်ရင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ သူမ အနေနဲ့ မြန်မာဆိုတာကို ဂုဏ်ယူစွာဖြင့် ဖော်ပြလိုက်သယောင် မြန်မာဝတ်စုံလေးကို မြတ်မြတ်နိုးနိုးဝတ်ဆင်ခဲ့ပါတယ်။ နီနီဟာ မြန်မာဟန် ၊ မြန်မာကိုယ်လုံးကိုယ်ပေါက် အချိုးအစားလှသူမို့ အရမ်းကို မြန်မာဝတ်စုံလေးနဲ့ ထင်ပေါ်နေပြီး သူမ နဲ့ အလိုက်ဖက်ဆုံး အနီရောင် နှုတ်ခမ်းနီလေးကတော့ မပါမဖြစ် ဆိုးထားတာ ဖြစ်ပါတယ်။ မြန်မာမလေးဆိုတာ မှားစရာမရှိအောင် လူအများကြားမှာ ထင်ပေါ်နေစေတဲ့ မြန်မာဝတ်စုံလေးနဲ့ နီနီဟာ သိပ်ကို ဂုဏ်ယူဝင့်ထည်စွာ လှပနေပါတယ်။ သူမ အမှတ်တရ  ပုံလေးတွေကို "မြန်မာဆိုတာ" လို့ facebook စာမျက်နာထက်  မျှဝေလိုက်ပြီး Nininans fansတွေကိုလည်း လွမ်းကြောင်း ဆိုလိုက်ပါတယ်။ ပရိတ်သတ် တွေရဲ့ နှလုံးသားကို လွမ်းစေ၊ ဆွေးစေ၊ ပျော်စေ၊ မြူးစေ တဲ့ အသံပိုင်ရှင် အဆိုတော်မလေး  နီနီခင်ဇော် ကို ဆက်လက်အားပေးကြပါဦးနော်။ 

source : Ni Ni Khin Zaw ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။