တရားဝင်တွဲကြောင်း ကြေညာလိုက်တဲ့ အောင်လနှင့် ဝိုင်းစုခိုင်သိန်း

နာမည်ကြီးတေးသံရှင်တွေ ဖြစ်ကြတဲ့ အောင်လနှင့် ဝိုင်းစုခိုင်သိန်းတို့ဟာ တရားဝင်တွဲနေကြပြီဆိုတဲ့အကြောင်းကို အောင်လက သူ့ရဲ့လူမှုစာမျက်နှာမှာ အတိအလင်းကြေညာပြီး Relationship တင်လိုက်ပါပြီ။ ကိုယ်စီအိမ်ထောင်ကွာရှင်းခဲ့ကြပြီး တွဲနေတယ်ဆိုတဲ့ ကောလဟာလသတင်းတွေနဲ့အတူ ဓာတ်ပုံတွေပေါ်ထွက်လာခဲ့ပေမယ့်လည်း ကာယကံရှင်တွေဖက်မှ ဝန်ခံခြင်းမရှိခဲ့ပါဘူး။

အောင်လဘက်ကတော့ နောက်ရည်းစားရှိနေပြီဖြစ်ကြောင်းကို ဝန်ခံထားသလို ဝိုင်းစုခိုင်သိန်းဟာလည်း နောက်အိမ်ထောင်ပြုချင်ပြုဖြစ်မယ်ဆိုတဲ့ အင်တာဗျူးတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ တရားဝင်ကြေညာလိုက်ပါပြီ။ အောင်လဟာ သူ့ရဲ့ လူမှုကွန်ယက်မှတစ်ဆင့် ဝိုင်းစုနှင့် Relationship တရားဝင်တင်ခဲ့ပြီး ပရိသတ်ဆီ ချပြခဲ့ပါတယ်………

Source: Zwal Yan Aung La

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။