မနေ့ကကစားခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ နိုင်ဂျီးရီးယားအသင်းတို့ပွဲမှာတော့ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းက အုပ်စုကနေထွက်ခါနီး ကနေနောက်ဆုံးမိနစ်မှာမန်ယူနောက်ခံကစားသမားရိုဟိုက နိုင်ဂျီးရီးယားပရိသတ်တွေအတွက် အသည်းခွဲဂိုးသွင်းခဲ့ပြီး ကပ်သီးလေးနဲ့၁၆သင်းရှုံးထွက်အဆင့်ကိုတတ်လမ်းနိင်ခဲ့ပါတယ်။ဒါပေမဲ့ နိုင်ဂျီးရီးယားကို ခက်ခက်ခဲခဲနဲ့ ကစားခဲ့ပြီး နိုင်ခဲ့တာကြောင့် မက်ဆီအပါအဝင်အာဂျင်တီးနားပရိသတ်တွေ ပျော်ပြီး မျက်ရည်ကျခဲ့ရပါတယ်။

အာဂျင်တီးနားအသင်းကတော့ နည်းပြမရှိဘဲ ကစားခဲ့ရတာဖြစ်ပြီး အသင်းရဲ့ လူစရင်းကိုလဲ မက်ဆီနဲ့ မာရှေရော်နာတို့ကရွေးချယ်ခဲ့တာလို့ daily mail ကဖော်ပြခဲ့ပါတယ်။အဆိုပါပွဲမှာ မက်ဆီဟာ ခြေစွမ်ပြပြီး အကောင်းဆုံးကစားခဲ့သော်လဲ မက်ဆီကို ဖန်တီးပေးတဲ့ ကစားသမားမရှိတာကြောင့် သူကိုယ်တိုင်ဖန် သူကိုယ်တိုင်ဂိုးသွင်းခဲ့ရတာကြောင့် မနေ့ကပွဲမှာအာဂျင်တီးနားခက်ခက်ခဲခဲကစားခဲ့ရတာပါ။နောက်တစ်ချက်ကတော့ လူငယ်ကစားသမားတွေကိုနေရာမပေးဘဲ အသက်ကြီးတဲ့ ကစားသမားတွေကိုနေရပေးတာကြောင့် ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားကလဲ အာဖရိကအသင်းပီပီ မာကျောစွာနဲ့သက်လုံကောင်းစွာနဲ့ အချိန်တိုင်းဖိအားပေးနေပြီး ဗစ်တာမိုးဆက်ရဲ့ပင်နယ်တီနဲ့၁၆သင်းရှုံးထွက်အဆင့်ကိုတတ်ဖို့ အခြေအနေကောင်းခဲ့ပါတယ်။မန်ယူနောက်ခံကစားသမားရိုဟိုရဲ့ ပြဇာတ်ဆန်ဆန်သွင်းဂိုးကြောင့်သာ နိုင်ဂျီးရီးယားတို့အသဲကွဲခဲ့တာ ဖြစ်ပါတယ်။အကောင်းဆုံးကစားသမားဆုကိုတော့ ဘောလုံးမှော်ဆရာကြီး မက်ဆီကရ၇ှိခဲ့ပါတယ်။

source: daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။