အခုလာမဲ့သောကြာနေ့မှာ ကစားမဲ့ပရိသတ်အချစ်တော် ချန်ပီယံကြီး အောင်လအန်ဆိုင်းနဲ့ ဟစဲဂါဝါတို့ ပွဲအတွက် ပရိသတ်တွေကတော့ ရင်ခုန်နေပါတယ်။ပရိသတ်တွေတင်မဟုတ်ဘဲ သောကြာနေ့မှာ ထိုးသတ်မဲ့ပွဲအတွက်ချန်ပီယံကြီး အောင်လကလဲ စိတ်လှုပ်ရှားနေပါတယ်။အာရှသားတွေနဲ့ တစ်ခါမဲ့ မထိုးဖူးဘဲ အခုမှပထမဆုံးထိုးရတာ ဖြစ်တာကြောင့် စိတ်လှုပ်ရှားပြီး အသည်းအသန်ပြင်ဆင်နေပါတယ်။ 

ဂျပန်နိုင်ငံသားဖြစ်တဲ့ ဟစဲဂါဝါက ဂျပန်နိုင်ငံရဲ့ပထမဆုံးချန်ပီယံတစ်ယောက်ဖြစ်တဲ့ အပြင် ဝိတ်တန်းအမျိူးမျိူးလည်းထိုးဖူးတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အခုလို အသည်အသန် ပြင်ဆင်နေရတာပဲ ဖြစ်ပါတယ်။ချန်ပီယံကြီးအောင်လကတော့ ဂျပန်နိုင်ငံသားဖြစ်တဲ့ ဟစဲဂါဝါနဲ့ ပွဲက ကုလားကားကြည်ရတာထက်ပိုကြာမှာပါ လို့ ချစ်ပရိသတ်တွေကို စနောက်လိုက်ပါတယ်။ 

အောင်လကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပရိသတ်တွေအားပေးရကြိုးနပ်အောင်အသည်းအသန်ပြင်ဆင်ထားပြီး လေ့ကျင့်ထားပါတယ်လို့ ချစ်ပရိသတ်တွေကို ပြောထားပါတယ်။အောင်လကတော့ အဆိုပါပွဲကရတဲ့ငွေတွေထဲကတစ်ဝက်ကို ပညာရေးအတွက် လှူဒါန်းမယ်လိုကပြောဆိုထားပါတယ်။ချစ်ပရိသတ်ကြီး လူကိုယ်တိုင်ကွင်းထဲအထိဖြစ်စေ တီဗီပါ်ကနေဖြစ်စေ မြန်မာဂုဏ်ဆောင်အောင်လကို အားပေးလိုက်ရအောင်လားခင်ဗျာ။

source : bbc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။