ဗိုက်ဆာလို့ငိုယိုသည့် သမီးကို မိခင်က ဦးထုပ်ဖြင့် နှာခေါင်းနှင့်ပါးစပ်ကို ပိတ်ထားရာမှ သေဆုံး

၂၂ရက်နေ့ ဇန်နဝါရီလ ၂၀၁ရတွင်ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ ဗိုက်ဆာလို့ ငိုယိုတဲ့ သမီးကို မိခင်က နှာခေါင်းနဲ့ ပါးစပ်ကို ဦးထုပ်နဲ့ ပိတ်ထားရာက အသက်ရှူကြပ်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် မြို့မရဲစခန်းမှာ သေဆုံးသူ မနီလာအောင် (၃နှစ်) ပတ်သက်ပြီး တပ်ဖွဲ့ဝင်တွေက မိခင် မအေးယုခိုင် (၂၂)နှစ် ကို သက်သေတွေနဲ့အတူ စစ်ဆေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။

စစ်ဆေးချက်အရ ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၇ နာရီက မအေးယုခိုင်ဟာ မိခင်ဖြစ်သူနဲ့စကားများရာကနေ သမီးဖြစ်သူ မနီလာအောင်ကို ခေါ်ဆောင်ကာ ခြေဦးတည့်ရာကို ထွက်လာကြောင်း၊ ဂျိုးပင်ရွာအနီးအရောက် မနီလာအောင်က ဗိုက်ဆာတယ်ဆိုပြီး ငိုယိုနေကြောင်း၊ ချော့မော့ပြောဆိုပေမယ့် မရတာကြောင့် လည်ပင်းကိုကိုင်ပြီး ဦးထုပ်ဖြင့် နှာခေါင်းနဲ့ ပါးစပ်တို့ကို အတင်းပိတ်ထားစဉ် အသက်ရှူကြပ်၍ သေဆုံးသွားကြောင်း သိရပါတယ်။

ဒီနောက်မှာတော့ မအေးယုခိုင်ဟာ မနီလာအောင်အား မှောက်လျက်အနေအထားနဲ့ ပစ်ထားခဲ့တယ်လို့ စစ်ဆေးသိရှိရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။မအေးယုခိုင်အား ဖမ်းဆီးပြီး သေမှုသေခင်းမှ ရွှေကျင်မြို့မရဲစခန်း(ပ)၃၂/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ ပြောင်းလဲရေးဖွင့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

credit-myanmar update news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။