ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ အတွင်းရှိ ညောင်ပင်စျေး ရပ်ကွက် ကြက်စျေးရပ်တွင်နေ အိမ်မီးလောင်မှု တစ်ခု ၂၀၁၇ ခုနှစ် ၊ ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ် အချိန်က မီးလောင်မှု တစ်ခုဖြစ်နေကြောင်း တာဝန်သိ ပြည်သူတစ်ဦးမှ တယ်လီဖုန်းဖြင့် သတင်းပေးပို့ချက်အရ သိရှိရသည်။

ထို့နောက် နေအိမ်မီးလောင်ကျွမ်းရာနေရာသို့ မြောက်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးစံထွန်းဦးဆောင်၍ သန္ဒေတပ်ဖွဲ့ဝင်(၂၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးငြိမ်းသတ်ယာဉ်(၃)စီး၊ စည်ပင်သာယာရေးဌာနမှ ရေသယ်ယာဉ်(၁)စီးနှင့် အနီးအနားရှိ ရပ်ကွက်သူ/ရပ်ကွက်သားများ ရောက်ရှိပြီး မီးကိုငြိမ်းသတ်ကြရာ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် မီးကိုထိန်းနိုင်ခဲ့ပြီး ညနေ ၅ နာရီ ၄၅ မိနစ်အချိန် တွင်မီးလုံးဝငြိမ်းသွားခဲ့သည်။

အဆိုပါနေအိမ် မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ဦးသံခဲအောင်(ဘ) ဦးကျော်(၆၄)နှစ်၏ နေအိမ်အောက်တွင် ထမင်းချက်ရာမှ တစ်ဆင့် အနီးရှိ အနားပျဉ်ကို မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် ဦးသံခဲအောင်၏ နေအိမ်(သွပ်မိုး ၊ ပျဉ်ကာ ၊ ပျဉ်ခင်း)အလျား ၂၆ ပေ ၊ အနံ ၁၈ ပေနှင့်အမြင့် ၁၈ ပေရှိနေ အိမ်တစ်လုံး မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့် မိသားစုဝင် များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ အစီစဉ်ဖြင့် ခေတ္တယာယီနေရာ ချထားပေးလျှက်ရှိသည်။ ထို့နောက် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အိမ်ပိုင်ရှင်ဇနီး ဒေါ်ဦးသန်းစိန် (ဘ)ဦးဂေါက်ရအောင်(၅၅)နှစ် (မှီခို) အား မြောက်ဦး မြို့နယ် မြို့မရဲစခန်းတွင်(ပ)/၂၀၁၇/၂၈၅ ဖြင့်အမှု ဖွင့်အရေးယူဆောင် ရွက်လျှက်ရှိကြောင်း သတင်း ရရှိသည်။

ခရိုင်ပြန်/ဆက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။