နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မေပန်းချီတစ်ယောက်ကတော့ သူမရဲ့ အလှဓာတ်ပုံလေးတွေကိုသူမရဲ့ လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။၀၀ကစ်ကစ်လေးဖြစ်နေပေမယ့် သူမရဲ့လှပနေမှုကတော့ ခန္ဓာကိုယ်ပြည့်ပြည့်လေးပေါ်မှာ နေရာယူနေပြီးဆွဲဆောင်မှု ရှိနေတဲ့ဖက်ရှင်လေးကလည်း ပရိသတ်တွေမြင်တွေ့ရတဲ့အတိုင်းပါပဲ။

အနုပညာလမ်းကြောင်းပေါ်ကို အချိန်အတော်ကြာလျှောက်လှမ်းခဲ့ပြီး ယခုထိတိုင်အောင်မြင်နေတဲ့အနုပညာရှင်တွေထဲမှာလည်း သူမလည်းအပါအဝင်ပါပဲ။ရုပ်ပြောင်လေးတွေလုပ်ပြီး ပရိသတ်တွေကိုလည်း ပျော်အောင်စနောက်တက်တဲ့အကျင့်လေးကလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့တာပါ။

လတ်တလောမှာတော့ သူမဟာ ကလောမြို့ကိုရောက်ရှိနေပြီး အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။စမက်ကျကျ ဖက်ရှင်လေးနဲ့ ၀၀ကစ်ကစ်လေးလှနေတဲ့ သူမကိုတော့ပရိသတ်တွေသဘောကျမိမှာပါ။တစ်တုတ်ကိုချစ်တဲ့ ပရိသတ်တွေအတွက် တစ်တုတ်ရဲ့ ဓာတ်ပုံလေးတွေကိုတင်ဆက်လိုက်ရပါတယ်။

သတင်းအရင်းအမြစ်-မေပန်းချီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။