မြန်မာ့ဇာတ်သဘင်လောကရဲ့ ထိပ်တန်းဇာတ်မင်းသားချောတစ်ဦးဖြစ်တဲ့ စွမ်းဇာနည်ကတော့ ပျိုမဒီတို့ရဲ့ အ သည်းစွဲ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ ပရိသတ်တွေမြင်တွေ့နေကြ စွမ်းဇာနည်မ ဟုတ်တော့ပဲ ရုပ်ပိုင်းဆိုင်ရာမှာ တော်တော်လေးကိုပြောင်းလဲလာခဲ့ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကိုပိုလှုပ် ခတ်လာစေတဲ့ ဆံပင်အရှည်လေးနဲ့ခပ်မိုက်မိုက်ကောင်လေး ပုံစံလေးနှင့်မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ 

တက်တူးတွေနဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားလှတဲ့ စွမ်းဇာနည်ဟာဆိုရင်တော့ တက်တူးအသစ်လေးတစ်ခုကိုထပ်မံထိုးလိုက်ပြီပဲ ဖြစ်ပါတယ်။

စွမ်းဇာနည်ကတော့ တက်တူးမရှိသေးတဲ့ လက်ဖမိုးလေးပေါ်မှာ လူငယ်ဆန်ဆန်တက်တူးပုံစံတစ်ခုကို ထပ်မံထိုးခဲ့တာပဲဖြစ်သလို သူ့ရဲ့ဆံပင်အရှည်ကြီးကိုလည်း ညှပ်ပစ်လိုက်ပီပဲဖြစ်ပါတယ်။

နှစ်ရှည်လများ ထိန်းသိမ်းခဲ့ရတဲ့ အရာတစ်ခုဖြစ်တဲ့ ဆံပင်အရှည်ကြီးကိုစွန့်ကာ အခုလိုပြောင်းလဲလိုက်တဲ့ အရာလေးက ပရိသတ်တွေကြားမှာ အရမ်းစိတ်ဝင်စားရတဲ့ အရာလေးတစ်ခုအဖြစ်ရှိနေတာပဲဖြစ်ပါတယ်။ 

ဒါ့အပြင် ခန္ဓာကိုယ်ပေါ်မှာ ဆေးစက်ချအရုပ်ရေးဆွဲရတာကို ကြိုက်နှစ်သက်တဲ့ မင်းသားလေးတစ်လက်ဖြစ်တာကြောင့် ဖြူဝင်းတဲ့လက်ဖမိုးလေးပေါ်မှာ colour tattoo အသစ်လေးကိုထပ်မံထိုးခဲ့တာပဲဖြစ်ပါတယ်။ အခုထပ်ထိုးခဲ့တဲ့ တက်တူးအသစ်လေးကရော စွန်းဇာနည်နဲ့ လိုက်ဖက်တယ်လို့ထင်ကြရဲ့လားပရိသတ်ကြီးရေ။

ဆံကေသာကိုလည်း ပင်ကိုယ်ကာလာလေးဖြစ်တဲ့ အမဲရောင်ကို ပြန်လည်ပြောင်းလဲခဲ့ပြီး တက်တူးအသစ်နဲ့ ဂေါ်လွန်းလှတဲ့ စွမ်းဇာနည်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်ဖော်ပြေပေးလိုက်ရပါတယ်။

source - Swan Zarni

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။