ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သတ်၍ အမှန်တိုင်းဝန်ခံလိုက်ပြီဖြစ်တဲ့ အသက်ရှင်ကျန်ရစ်ခဲ့သည့် ယာဉ်မောင်း

အမြန်လမ်းပေါ်မှာ ဘုရားဖူးအပြန် အန်စာတုံးကား မီးလောင် ကျွမ်းမှုအပေါ် သေဆုံးသူတွေရဲ့ ကာယကံရှင်အချို့ သင်္ကာမကင်းဖြစ်နေကြကြောင်း သူတို့ရဲ့ အမြင်ကို ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ရက်နေ့ မနက် ၈းဝဝနာရီက အမြန်လမ်းမပေါ်ရှိ ရန်ကုန် ဘက်အဝင် လေးမိုင်အကွာမှာ အန်စာတုံးဟိုက်အေ့စ်အမျိုးအစား ကားက မီးလောင်ကျွမ်းရာ ယာဉ်ပေါ်မှာ စီးနင်းလိုက်ပါသူ ကိုးဦးမှာ တစ်ဦးသာ အသက်ရှင် လွတ်မြောက်ခဲ့ပြီး ရှစ်ဦးမီးလောင်ကျွမ်းသေဆုံးခဲ့ပါတယ်။

လူသေမှုဖြစ်တာကြောင့် အသက်ရှင်လွတ်မြောက်သူ ကိုအောင်ခန့်ကို ရန်ကုန်-နေပြည်တော် အမြန်လမ်း လေးမိုင်နားရှိ ရဲစခန်းမှာ ခေတ္တထိန်းသိမ်းစစ်ဆေး နေကြောင်း သိရပါတယ်။

သည်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသက်ရှင်လွတ်မြောက်သွားတဲ့ ကိုအောင်ခန့်ကို သေဆုံးသူတွေရဲ့ ကာယကံရှင်အချို့ဟာ သင်္ကာမကင်း ဖြစ်နေကြကြောင်း၊ သေဆုံး သူ မခင်သီတာရဲ့ အစ်ကိုဖြစ်သူကလည်း သံသယရှိနေကြောင်း၊ သည်အမှုကို ကိုယ်တိုင် စုံစမ်းမှာဖြစ်ကြောင်း သေဆုံးသူ မသင်းသင်းမော်ရဲ့ ခင်ပွန်းဖြစ်သူ ကိုအောင်ကိုဦးက ပြောပါတယ်။

သူက “ကိုဝင်းထွန်းနဲ့ လူလဲပြီးမောင်းနေတယ်လို့ ပြောတယ်၊ သူမောင်းတာ မဟုတ်ဘဲ ဘယ်ဘက်ခြမ်းတိုက်တာကို သူက ညာဘက် ကားမောင်းတဲ့သူကို ကျော်ပြီးလွတ်သွားတယ်၊ တိုက်တာ ဘယ် ဘက်ခြမ်းတိုက်တာ၊ လွတ်စရာအကြောင်း မရှိဘူး၊ သူက အဲဒီမှာညပ်နေရမှာ၊ အန်စာတုံး ကားမှန်က အဲဒီလောက်ဖွင့်ရခက်တဲ့အထဲမှာ မပါဘူး၊ သူသာ တကယ်ကယ်ချင်တဲ့ ဆန္ဒရှိရင် မှန်ကိုထိုးခွဲလို့ရတယ်၊ ဗီဒီယိုဖိုင်မှာ ကြည့်လိုက်ရတာ သူ့ကိုကြည့်ရတာ သွေးပျက်တာမျိုးလဲ မရှိ၊ စိုးရိမ်ပူပန်တာမျိုးလဲမရှိဘူး၊ အေးဆေး ခါးထောက်နေတယ်၊ သူ့ကို သေချာ စစ်သင့်တယ်” လို့ သူ့အမြင် ပြောပါတယ်။

အသက်ရှင်လွတ်မြောက်သူ ကို အောင်ခန့်က ရန်ကုန်မြို့ ဆဋ္ဌဂံမြန်မာ ဆောက်လုပ်ရေးကုမဏီက ယာဉ်မောင်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အခင်း ဖြစ်နေ့က သူက ခရီးလမ်းတစ် လျှောက် ကားမောင်းခဲ့ရာ ပင်ပန်းလွန်းတာကြောင့် ရန်ကုန်အဝင်နားမှာ ကိုဝင်းထွန်းကို မောင်းနှင်ခိုင်းခဲ့ရာက ကားမီး လောင်မှုဖြစ်ပြီး သူတစ်ယောက်ပဲ အပြင် ကိုခုန်ထွက်လွတ်မြောက်ခဲ့တာ ဖြစ်ကြောင်း ရဲအရာရှိတွေရဲ့ စစ်ဆေးမှုအပေါ် ဖြေကြားထားတယ်လို့ ဆိုပါတယ်။

သုံးသပ်ယူဆ

မီးလောင်ပြီး ကားနောက်ခန်းမှာ ကျွဲ ရိုင်းလို အချိုရည်ဘူးခွံငါးဘူး ၊ ခြောက်ဘူးလောက်တွေ့ရတာကြောင့် သူတို့ သောက်ခဲ့တဲ့ အအေးတွေက သွေးရိုးသားရိုး မဖြစ်နိုင်ကြောင်း၊ နောက်တစ်ချက်က မီးလောင်နေတုန်း တံခါးကို ကြိုးစားဖွင့်တဲ့ အရိပ်အယောင်တွေ၊ ရုန်းရင်းဆန်ခတ် ပုံစံမျိုးမတွေ့ရဘဲ အလောင်းတွေအားလုံးက နောက်မှာ ထပ်ပြီးဖြစ်နေတာကြောင့် ကြိုတင်ကြံစည်တာမျိုးဖြစ်နိုင်ကြောင်း သေဆုံးသူရဲ့ ကာယကံရှင်တစ်ဦးက သုံးသပ်ပါတယ်။

သည်ကိစ္စနဲ့ပတ်သက်ပြီး ကားမောင်း ကျွမ်းကျင်သူတချို့က လူမှုကွန်ရက်ပေါ် မှာ ဝေဖန်ပြောဆိုနေကြပါတယ်။ တချို့ ကတော့ အသက်ရှင်လွတ်မြောက်သူနဲ့ သေဆုံးသူတွေအကြား ရန်ငြိုးရန်စတစ်စုံ တစ်ခုကြောင့် ကြံစည်တာလည်းဖြစ်နိုင် ကြောင်း ဖေစ့်ဘုတ်ခ်မှာ ရေးသားကြပါတယ်။

“ဒီကားက မလိမ့်ဘဲ ကားက လုံးဝမလဲဘဲ ဒဲ့(တည့်) ဆွဲသွားတာ၊ ပေါက်ကွဲရင် အပြင်ကိုပဲ လျှံထွက်တာ၊ အထဲကို လှိုက်စားပြီးမလောင်ဘူး၊ ကားမောင်းရင် ခါးပတ်ပတ်ရတာ သူ့မှာ ဘယ်ဘက်ခြမ်းကနေ ခုန်ထွက်ဖို့ အချိန်ရလား ၊ သူတောင် ဆင်းသွားသေးတာ အနည်းဆုံး တစ်ယောက်လောက်တော့ ဆွဲကယ်လို့ရ သေးတယ်၊ သူခုန်ချတာဆိုရင် ကွန်ကရစ်ပေါ်မှာ ခုန်ချတာကြောင့် အနည်းဆုံး ပွန်းပဲ့ရာတော့ရှိရမယ်၊ မီးတော်တော်လောင် မှ ဆီတိုင်ကီပေါက်ကွဲတာ၊ ပေါက်ကွဲရင် အပြင်ကိုပဲ ကန်ထွက်လောင်တာ၊ မောင်း တာ သူပဲဖြစ်နိုင်တယ်” လို့ ကားမောင်း ကျွမ်းကျင်သူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

သည်အမှုနဲ့ပတ်သက်ပြီး နာရေးအပြီး မှာ သေချာစစ်ဆေးဖို့ သေဆုံးသူတွေရဲ့ ကာယကံရှင်မိသားစုတွေနဲ့ အမြန်လမ်းရဲစခန်းက ရဲအရာရှိတွေက စစ်ဆေးမေးမြန်းဖို့ တွေ့ရမှာဖြစ်ကြောင်း ကိုအောင်ကိုဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသမီး ခုနစ်ဦး၊ ယာဉ်မောင်းအမျိုးသားတစ်ဦး၊ စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ကြောင်း အမှတ် (၃)လမ်းဆုံ အမြန်လမ်းရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ကားမီးလောင်ကျွမ်းတဲ့ ယာဉ်ပေါ်မှာ သေဆုံးခဲ့သူတွေက ရန်ကုန်မြို့ ဆဋ္ဌဂံမြန်မာ ဆောက်လုပ်ရေး ကုမဏီက မမေသူ ကို၊ မသင်းသင်းမော်၊ မဝင်းပပဌေး၊ မခိုင်မြတ်ဦး၊ မခင်သီတာ၊ မမြတ်မြတ်အေး၊ မယုရတနာလင်းနဲ့ ကားမောင်းသူ ကုမဏီရဲ့ စီအီးအို ကိုဝင်းထွန်းတို့ဖြစ်ကြောင်း သိ ရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ပြည်သူတချို့က အမြန်လမ်းရဲတပ်ဖွဲ့ဆီကို နံနက် ၈း၃ဝနာရီမှာ အကြောင်းကြားပါတယ်။

အခင်းဖြစ်ရာနေရာကို အမြန်လမ်း ရဲတပ်ဖွဲ့နဲ့ မီးသတ်ယာဉ်တွေက နံနက် ၈း၄၀ နာရီခန့်မှာ ရောက်ရှိပြီး ၉းဝဝ နာရီ ကျော်လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ ကြောင်း၊ သေဆုံးသူတွေရဲ့ အလောင်းကို ဇန်နဝါရီ ၂၁ရက်နေ့မှာ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ကြောင်း သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။