ဇန်​နဝါရီ ၂၃-ညရး၃၀

(၂၁.၁.၂၀၁၇) နေ့ အမြန်လမ်း ၄ မိုင် ၂ ဖာလုံ ယာဉ်မီးလောင်မှုနဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားချိန်တွင် ယာဉ်မောင်းသူမှာ တစ်ဦးတည်းအသက်ရှင် လွတ်မြောက်သူ ကိုအောင်ခန့် ကိုယ်တိုင်ဖြစ်ကြောင်း ၄င်းကိုယ်တိုင် ယနေ့ နံနက်ပိုင်းတွင် အမြန်လမ်း ၁၁ မိုင်ရဲစခန်းတွင် ဝန်ခံထုတ်ဖော် ပြောကြား လိုက်ပြီဖြစ်ပြီး ရဲစခန်းမှလည်း အဖြစ်မှန်ကို ထုတ်ပြန်ပေးမည်ဟု သိရှိရပါသည်။

၃၉ မိုင်နားနေစခန်းထွက်ကတည်းက ကားကိုယာဉ်မောင်း ကိုအောင်ခန့် မောင်းလာကြောင်း၊ ကားမှာ အခင်းဖြစ်နေရာ အရောက်တွင်​ဘယ်ရှေ့တာယာ ပွင့်၊ ဘယ်ဘက်သို့ ဆွဲသွားပြီး အလူမီနီယမ် တန်းအုတ်ခုံနှင့် တိုက်မိစဉ် ရှေ့ခေါင်းဘယ်ခြမ်း အတွင်းသို့ ကျွံဝင်သဖြင့် ကိုဝင်းထွန်း ခြေထောက် ၂ ဖက်လုံး ညပ်နေခဲ့ကြောင်း၊ ကိုအောင်ခန့် မှာ ညာဘက်တံခါး ဖွင့်ထွက်ပြီး ကိုဝင်းထွန်းဘက်မှ တံခါးကိုသွားဖွင့်ပြီး ဆွဲထုတ်ရာ ခြေထောက်ညပ်ပြီးး ထုတ်မရသဖြင့် ကိုဝင်းထွန်းမှ သူ့ကိုမထုတ်ပဲ နောက်ခန်းမှလူများ ကိုကယ်ရန် ပြောရာ နောက်ခန်း ဘယ်တံခါးမှာ တန်းများနှင့် တိုက်မိသော အရှိန်ဖြင့် လုံးဝဖွင့်မရကြောင်း၊

၄င်းအချိန်တွင် ကားအတွင်းမှ မီးခိုးများ အရမ်းထွက်လာနေပြီ ဖြစ်သဖြင့် အနီးသို့ရောက်လာသူများက သူ့အား နောက် ဆုတ်ရန်ပြောစဉ် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း ရဲစခန်းမှ ကနဦး စစ်ဆေးချက်များအရ မိသားစုထံ ရှင်းလင်း ပြောကြားခဲ့သော သတင်း ဖြစ်ပါသည်။ ကိုအောင်ခန့်အား မည်သည့် ဥပဒေနှင့် တရားစွဲဆိုသွားမည် ကို အတည် မပြုနိုင် သေးဘဲ လက်ရှိ ရဲလုပ်ထုံး လုပ်နည်းများ အတိုင်း တရား ဥပဒေ ဘောင်အတွင်းမှ ​ဆောင်ရွက်လျက် ရှိကြောင်း သတင်​းရရှိသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။