အဆိုတော်ထက်ယံကတော့ ပရိသတ်တွေကြားမှာ ဆွဲဆောင်မှုရှိရှိနဲ့သီချင်းဆိုတတ်တဲ့သူဆိုလည်း မမှားပါဘူး ။ သူ့ရဲ့သီချင်းတွေကိုလည်း ပရိသတ်တော်တော်များများကြိုက်ကြတာကိုတွေ့ရပါတယ်။ အထူးသဖြင့် ထက်ယံက ဆယ်ကျော်သက်တွေရဲ့ အားပေးမှုအရဆုံးအဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ သီချင်းဆိုကောင်းသလို ရုပ်လည်းချောတဲ့ပြီး အထာကျတဲ့အပြင် သီချင်းတွေကိုလည်း သူကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိပါတယ်။တစ်ကိုယ်တွေရိူးပွဲတွေကို ပြုလုပ်ခဲ့ြ့ပီး ပရိသတ်များစွာရဲ့ အားပေးမှုကိုရရှိခဲ့ပါတယ်။

ရဲရင့်အောင်နဲ့အတူသီဆိုထားတဲ့ "No More Cry"ဆိုတဲ့သီချင်းက ပရိသတ်နဲ့ထက်ယံကို မိတ်ဆက်ပေးလိုက်တဲ့သီချင်းဖြစ်ပြီး ဒီသီချင်းနဲ့ ပရိသတ်အားပေးမှုကိုရခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတက်ယံကသီချင်းတွေဆက်တိုက်ရေးပြီးဆိုလာသလို တစ်ကိုယ်တော် အခွေတွေလည်းထုတ်ခဲ့ပါတယ်။ထက်ယံရဲ့ "Good Luck" "Boy Friend No.2"စတဲ့သီချင်းတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးပါပဲ။ရွှေထူးLil'Z ၊ X boxတို့နဲ့အတူ ''4 '' Ablum လည်းထွက်ခဲ့ပါတယ်။

ရဲလေး၊ ရဲရင့်အောင်၊သားသား စတဲ့ အဆိုတော်များစွာနဲ့ သီချင်းတွေထုတ်ခဲ့ပါသေးတယ်။ အခုလည်း သူက ပရိသတ်ကြီးကိုသီချင်းသစ်တစ်ပုဒ်နဲ့မိတ်ဆက်လိုက်ပြန်ပါတယ်။ သီချင်းနာမည်က "အေးစက်နေ"လို့ ပေးထားပါတယ်။ သီချင်းလေးက ကောင်မလေးအပေါ်အရမ်းချစ်ပေမယ့်လည်း အပြင်မှာတော့အေးစက်နေတတ်တဲ့ကောင်လေးတို့ အကြောင်းကို ရေးထားတာဖြစ်ပါတယ်။ MTVမှာလည်း ထက်ယံကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပါတယ်။သီချင်းလေးရဲ့ MTV အမိုက်စားလေးကိုလည်း ပရိသတ်တွေနားဆင်ဖို့ဖော်ပြလိုက်ပါတယ်။ 

Source:Htet Yan;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။