ခေးလို့အများကခေါ်တဲ့ ခေးဆက်သွင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်တွေသိလာခဲ့တဲ့သူပဲဖြစ်ပါတယ်။ သူမအနေနဲ့ ဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်တတ်တဲ့သူလည်းဖြစ်ပါတယ်။ ''ဥယျာဉ်မှူးဖြစ်ချင်သည်'' ဇာတ်ကားမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့ပြီး ကျော်ဆုနဲ့ အတူပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ''ဆုံဆည်းခြင်းမိုးတိမ်များ'' ဇာတ်ကားမှာလည်း စည်သူဝင်း၊ မေမြင့်မိုရ် တို့အတူ သရုပ်ဆောင်ခဲ့ပါတယ်။

အခုနောက်ဆုံးတွေ့ရတဲ့ ဇာတ်ကားမှာတော့ ကျောင်းသူလေးတစ်ယောက်အဖြစ်ပါဝင်ထားတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ လျပ်ပြာနိုင်တဲ့ ကောင်မလေးတစ်ယောက်လိုသရုပ်ဆောင်ထားပုံက တစ်ကယ်ကိုချစ်စရာကောင်းပါတယ်။ သူမအနေနဲ့ ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေလည်းရိုက်ကူပြီး MTVတွေမှာလည်းသရုပ်ဆောင်လေ့ရှိပါတယ်။ဒါ့အပြင် ဇာတ်လမ်းတိုတော်တော်များများနဲ့ "ကံ ကံ၏အကျိုး'' ပညာပေးဇာတ်လမ်းရိုက်လေ့ရှိတာတွေ့ရပါတယ်။

ခေးဆက်သွင်က အခုဆိုရင် အနုပညာလမ်းကြောင်းထဲမှာနေရာတစ်ခုအနေနဲ့ ရပ်တည်နေပြီး သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ပရိသတ်တွေကလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတိုင်းစောင့်ကြည့်အားပေးကြပါတယ်။ သွက်သွက်လက်လက်နဲ့ ပွင့်လင်းတဲပုံစံရှိတဲ့ သူမက အခုဆို တည်ငြိမ်ပြီးလှတဲ့ ခေးတစ်ယောက်ဖြစ်နေပါတယ်။ သူမရဲ့ တည်ငြိမ်ပြီး ယဉ်သလို လှနေတဲ့ ပုံလေးတွေကိုလည်း ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

SourceKhay Satt Thwin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။