မော်ဒယ်လ်နဲ့ သရုပ်ဆောင် မာရီကိုလ်းကတော့ နာဂ လူမျိုး တိုင်ရင်းသူလေးဖြစ်ပြီး သူမရဲ့ ခပ်ချေချေ မျက်နာပေးနဲ့ Sexy ကျတဲ့ ကိုယ်ခန္ဓာအချိုးအစားတွေကို ပိုင်ဆိုင်ထားသူပါ။ စိုင်းစိုင်း ရဲ့ " ဟိုက်ရှားပါး" Mtv , ရွှေထူး ရဲ့ "8 days 8 months 8 hours " Mtvသီချင်းတွေထဲက ခပ်မိုက်မိုက် သရုပ်ဆောင်ချက်တွေနဲ့ MTV သရုပ်ဆောင် လောကကို လွမ်းမိုးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အဆိုဘက်မှာလည်း ဝါသနာပါ ထူးချွန်သူဖြစ်တာကြောင့် လာမဲ့ ( ၉)လပိုင်းမှာ ကိုယ်ပိုင်သီချင်းခွေ Mini Album တခုထွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။အဲ့ဒီ Album အပြတ်လန်းဖို့ ဘယ်လိုတောင် Mari cole ကြိုးစားweight ချနေသလဲ ဆိုရင်တော့ အံဩလောက်ဖွယ်ပါပဲ။ (၈)ရက်အတွင်း (၁၀)ပေါင်ကျော်ကျသွားတဲ့ လျို့ဝှက်ချက်ကတော့သူမ Boxingဆော့ဖြစ်နေပါတယ်။ မကြာသေးခင်ကလည် းသူမကြော်ငြာပေးခဲ့တဲ့ ZEN အလှကုန်ပစ္စည်းကြော်ငြာဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။

အရင်လတွေက သူမ ဟာ ခပ်ပြည့်ပြည့် လေးဖြစ်နေရာကနေ ခု ဝိတ်ပြန်ချပြီး ပိုကြည့်ကောင်းသွားတာကြောင့် မာရီကိုလ်း တစ်ယောက် ဖက်ရှင်လ် Show ပွဲတွေ ပေါ်ကို ပြန်လည် ခြေလှမ်းဦးတည်လာပြီ ဖြစ်ပါတယ်။ Yangon Ran Ray Girl collection Show ရဲ့ကမ္ဘာကျော်အဆိုတော် "AYAZ "ရဲ သီဆိုတဲ့round မှာ လျှောက်လမ်းပေါ်က မာရီကိုလ်း ရဲ့ အမိုက်စားပုံတချို့ကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Source : မာရီကိုးလ် နာဂ ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။