ယခင်က အနုပညာလောကနှင့် ဂီတလောကမှာ အောင်မြင်ခဲ့တဲ့ ပရိသတ်အချစ်တော် အေသင်ချိုဆွေကိုတော့ အားလုံးချစ်မယ်ထင်ပါတယ်။ ပြောင်းလဲမှုများစွာနှင့်အတူ လက်ရှိဂီတလောကထဲကို ပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ လက်ရှိအေသင်ကတော့ တေးသီချင်းတွေပြန်လည်သီဆိုနေပြီး ပရိသတ်အခိုင်အမာရရှိနေဆဲ သူတစ်ယောက်ဖြစ်ကြောင်းသိရပါတယ်။  

ဒီကနေ့ အေသင်ချိုဆွေကတော့ သူမချစ်ပရိသတ်တွေကို ချစ်စရာငယ်ဘဝပုံရိပ်လေးတွေပြသခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဓာတ်ပုံလေးကတော့ အေသင်ငယ်စဉ်က ပုံရိပ်လေးပဲဖြစ်ပြီး ကောင်မလေးတွေရဲ့ အသည်းစွဲတစ်ယောက်ဖြစ်ခဲ့ကြောင်း ပြောပြထားတာတေ့ရပါတယ်။

အေသင်ရဲ့စာသားလေးကတော့

"အဲ့ကြောင့်ဆော်လေးတွေကြိတ် crush ကျတာကိုး အယ့်လယ့်

ကိုယ်ဟာငယ်ငယ်တည်းက ကျားကျားယားယားနေတတ်တာပါ " ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ 

ယောကျာ်းလေးတစ်ယောက်ပုံစံဖြင့်နေတက်တဲ့ အေသင်ချိုဆွေရဲ့ ငယ်ဘဝပုံရိပ်တွေကို ပရိသတ်တွေမြင်တွေ့ရခဲမယ်ထင်ပါတယ်။ အဆိုပါဓာတ်ပုံကို ထိန်းသိမ်းပေးထားတဲ့ သူကိုလည်း " သျိုင်းကျူးမမဟန်နီ Honey Butler ရေ နင်ခုထိသိမ်းထားပေးနိုင်တာ ကျေးဇူးပါဟာ" ဟူ၍ ကျေးဇူးတင်စကားဆိုထားတာတေါ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် အေသင်ရဲ့ ငယ်ဘဝပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်။

Photos - Athen

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။