ပရိဟိတ မင်းသားချော သရုပ်ဆောင် မင်းသား ဝေဠန်ကျော် ကတော့ လက်ရှိမှာ ပရဟိတ အလုပ်တွေကို ဦးစာပေး လုပ်ဆောင်နေတာကြောင့် သရုပ်ဆောင်နဲ့ အနုပညာ လောကမှာ ရုပ်ရှင်၊ ဇာတ်လမ်းတွေ အတွေ့ နည်းလာပြီ ဖြစ်ပါတယ်။ Wai Lu kyaw Foundation ကို စတင်တည်ထောင်သူ မင်းသားဖြစ်ပြီး အရင်တစ်ချိန်တစ်ခါက အနုပညာနဲ့ ပြည်သူလူထုကို အမောပြေ အလုပ်အကျွေးပြုခဲ့ပေမဲ့ လက်ရှိမှာတော့ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို အငိုသိပ်စေမဲ့ ပရဟိတ အလုပ်တွေကို ကိုယ်ကျိုးမငဲ့ ပဲ အချိန်ပေး လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဇူလှိုင် (၃) ရက်နေ့ဟာ မြန်မာအမျိုးသမီးများနေ့ ဖြစ်သလို အမျိုးသမီးများနေ့ကို ဂုဏ်ပြုသော အားဖြင့်" တင့်တယ်လှပပုံ ပုံရိပ်များ ပြန်လည်ရှင်သန်ခြင်းပြပွဲ နှင့် အမျိုးသမီးရေးရာ အငြိမ့် " ကို အနုပညာရှင် များစွာ ပါဝင်ပူးပေါင်းခဲ့ကြသလို ကိုယ်ကျရာတာဝန်မှာ အားလုံး သရုပ်ဆောင်ပီပြင်ခဲ့ကြပါတယ်။ အဆိုတော် ဂျင်းနီ ခေါ် ဟန်နွေ ငြိမ်း နဲ့ အတူ မင်းသမီးလေး ငြိမ်ချမ်းခိုင် တို့က အငြိမ့်သမတွေ အနေနဲ့ ပါဝင်ကပြ ဖျော်ဖြေခဲ့ပြီး လူရွှင်တော် တွေ အနေနဲ့ ကျော်ရဲအောင် ၊ ညီထွဋ်ခေါင်၊ ကျော်ကျော် ၊ အဆိုတော် ကြက်ဖ နဲ့အတူ ဝေဠုကျော် တို့ က ပါဝင် ခဲ့ကြပါတယ်။ မင်းသားဝေဠုကျော် ရဲ့ ဟာသ ပြက်ခန်းတွေထဲက တစ်ခုဖြစ်တဲ့ အွန်လိုင်းပေါ်မှာ ခေတ်စားသွားခဲ့တဲ့ မြောင်မြောင်မြောင် သီချင်းနဲ့ ဖျော်ဖြေမှု ဟာ ပရိသတ်တွေကို သဘောကျ ပြီး အသည်းယားစေခဲ့ပါတယ်။

ကျရာ အနုပညာ အခန်းကနေ ဖျောဖြေခဲ့တဲ့မင်းသားဝေဠုကျော် ရဲ့ မြောင်မြောင် မြောင် သီချင်းနဲ့ မိန်းကလေး လို ကပြ ဖျော်ဖြေမှုဟာ ပရိသတ်တွေကို အရမ်းသဘောကျ နှစ်သက်စေခဲ့သလို အရမ်းကို ချစ်စရာကောင်းနေတာ တွေ့ရမှာပါ။ တော်ရုံတန်ရုံ အနုပညာအလုပ်တွေ လုပ်ခဲသွားပြီ မို့ ဒီလို စင်မြင့်ထက်မှာ ပြန်လည်တွေ့မြင်ရတဲ့ ပရဟိတ မင်းသားချော ဝေဠုကျော် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေလိုက်ရပါတယ်။

source: Shew Fm ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။