ပရိသတ်တွေသိရှိပြီးသားဖြစ်တဲ့ သရုပ်ဆောင်ညိမ်းသော်ကတော့ အမိုက်စားပုံစံလေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနှလုံးကို သိမ်းပိုင်ထားနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ပျိုမေတွေရဲ့ ဝန်းရံမှုတွေကိုရရှိလာတဲ့ ညိမ်းသော်ကတော့ "ည"ရုပ်ရှင်ဇာတ်ကားလေးနဲ့ ပရိသတ်တွေအားပေးချစ်ခင်လာတာပဲဖြစ်ပါတယ်။

ယခုအခါမှာလည်း ဂျင်းဖက်ရှင်လေးနဲ့ စမက်ကျကျ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကလည်း ပျိုမေတွေအသဲကိုလှုတ်ခတ်သွားစေနိုင်ပါတယ်။အာရှရဲ့နံပါတ်တစ်မင်းသား လီမင်ဟိုနဲ့ ရုပ်ရှင်းဆင်တူနေလို့ ဆိုပြီးတော့လည်းနှုတ်ခမ်းနီမလေးတွေ များစွာ ဝန်းရံမှုတွေရှိနေတာကို တွေ့မြင်ရပါတယ်။

ဆွဲဆောင်မှုအပြည့်နဲ့ ရိုက်ကူးထားတဲ့ ညိမ်းသော်ရဲ့ပုံရိပ်လေတွေက ယောကျ်ားတစ်ယောက်ရဲ့ ညို့ယူဖမ်းစားဆွဲဆောင်မှုတွေ အပြည့်ပေါ်လွင်နေပါတယ်။လက်ရှိမှာ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေတယ်လို့လည်းသိရပါတယ်။ပျိုမေတွေရဲ့ အသည်းကျော်ဖြစ်တဲ့ ညိမ်းသော်ရဲ့ အလှဓာတ်ပုံလေးတွေကိုတော့ ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

သတင်းအရင်းအမြစ်-ညိမ်းသော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။