Reuters သတင်းဌာနမှ ထုတ်ပြန်ချက်အရ 20-12-2016 ရက်တွင်် မီးဖွားသည် အမျိုးသမီး တစ်ဦးသည် ခလေးမွေးဖွားနေစဉ်တွင် နှလုံးရပ် သေဆုံးပြီး ခလေးငယ်မှာ အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း မိခင်၏ အသက်ကို ရယူနိုင်ရန် ဆရာဝန်၏အဖွဲ့မှ မစွမ်းနိုင်ခဲ့ပါ။ 

သေဆုံးသွားသော မိခင်ဖြစ်သူ အလောင်းကို မွေးခန်းမှ သယ်ယူထုတ်ရန် ဆောင်ရွက်နေစဉ် အချိန်တွင် ၊ နာ့စ့မ ဖြစ်သူမှ ခလေးငယ်အား ပွေ့ချီယူထုတ်နေစဉ် နောက်ဆုံး အခွင့်အရေးတစ်ခုအနေဖြင့် မိခင်၏ ကိုယ်ခန္ဓာဖြင့် ထိတွေ့ပေးမိပါသည်။ 

ထိုစဉ်တွင် ခလေးငယ်သည် မရပ်မနား အော်ငိုရင်း သေဆုံးနေသူ မိခင်၏ မျက်စိ နှင့် နှာခေါင်းတို့ကို ပွတ်သပ်နေရင်း အော်ဟစ်ငိုကြွေးပါသည်။

စကားမပြောတတ်သေးသော ခလေးငယ် ငိုသံ၏ အဓိပ္ပါယ်မှာ “ မေမေရေ သားသားကို တယောက်ထဲ ပစ်မသွားပါနဲ့ ၊ မေမေ မရှိရင် သား ဘယ်သူနဲ့ နေရမှာလဲ ၊ မေမေ့ အချစ်တွေ နွေးထွေးမှုတွေ သားလိုချင်တယ် မေမေ “ ဟု ဝမ်းနည်းစွာဖြင့် ငိုပြောနေသယောင်ယောင်။

ထိုစဉ်တွင် ထူးဆန်းဖြစ်စဉ် တစ်ခု ဖြစ်ပေါ်လာခဲ့ပါသည် ။ သေဆုံးခဲ့ပြီဖြစ်သော မိခင်သည် မျက်စိနှစ်ဖက် ပြန်ပွင့်ပြီး အသက်ပြန်ဝင်လာသည်ကို တွေ့ခဲ့ရပါသည် ။ လူ့ဘဝကို ရောက်ကာစ ခလေးသူငယ်လေး၏ မိခင်ကို တွယ်တာသော သဘာဝစိတ်၏ အစွမ်းသတ္တိသည် သေဆုံးခဲ့ပြီဖြစ်သော မိခင်၏ ၀ိဉာဏ်ကို ပြန်ခေါ်နိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ပါသည်။  

Credit : pyae sone

Source : facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။