ပရိသတ်တွေနောက်ထပ်ရင်ခုန်ရမယ့် ဇာတ်ကားကတော့ ဒါရိုက်တာဝိုင်း (Owncreator) ရိုက်ကူးတဲ့ " လှပ်၍ လွင့်သော " ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ် ကားမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ်နဲ့ အကယ်ဒမီကျော်ရဲအောင်၊ ထပ်ဆင့် အကယ် ဒမီမို့မို့မြင့် အောင်၊ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးနဲ့ ခင်ဝင့်ဝါတို့က ပါဝင်သရုပ် ဆောင်မှာဖြစ်ပါတယ်။ အမိုက်စား Drama ဇာတ်လမ်းဖြစ်ပြီး ပရိသတ်တွေကို ဘယ်လိုဆွဲ ဆောင်မှု တွေနဲ့ ခံစား ချက် ရသအကောင်းစားတွေကို ပေးမယ်ဆိုတာတော့ ရင်ခုန်စွာနဲ့ မျှော်လင့်ရမှာပါပဲ။

ဒီဇာတ်ကားရဲ့ရိုက်ကွင်းပေါ်ကပုံရိပ်တွေကို ဒါရိုက်တာဝိုင်းက " ကဲ ဘော်ဘော်တို့ရဲ့အချစ် တော် တွေ လှပ်၍လွင့်သောရုပ်ရှင်ရိုက်ကွင်းစပါပါပီ လှပ်၍လွင့်သော " ဆိုပြီးတင်ထား တာဖြစ်ပါတယ်။ ဒီဝတ္ထုလေးကို စာရေးဆရာမ စံပါယ်ဖြူနုက ရေးသားထားပြီး ပရိသတ် တော်တော်များများ သဘောကျတဲ့ ဝတ္ထုစာအုပ်လေးတစ်အုပ်လည်းဖြစ်ခဲ့ပါတယ်။ ဒီလို ဝတ္ထုကို အမိုက်စားသရုပ်ဆောင် တွေနဲ့ ပုံဖော်ရိုက်ကူးမှာဖြစ်လို့ ပရိသတ်ရှေ့ကို အကောင်းဆုံးအနေအထားနဲ့ ရောက်ရှိလာမယ် ဆိုတာ အသေအချာပါပဲ။

ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ပရိသတ်အချစ်တော်လေး ဖွေးစိန်က Facebook မှာ Share ပြီး " ငယ်ငယ်လေးထဲက ဖွေး ဘာမှ မသိမတတ်ခင် ထဲက လက်တွဲခေါ်သင်ပြပေးတဲ့ တီမို့ (အမေမွှေး) နဲ့ အလုပ်မှာတူတူ မဆုံရ တာ ၁၁ နှစ်နီးပါးအကြာ .... ပြန်တွေ့ရတာ... ရင်တွေခုန်တယ် ...I Love & Admire You.. အကြည့်စူးစူးတွေ တောက်ပနေတုန်းပဲ " ဆိုပြီး ပြောထားတာဖြစ်ပါတယ်။ ဆယ့်တစ်နှစ်အကြာမှာ ပြန်လည်လက်တွဲခဲ့တဲ့ မို့မို့မြင့်အောင်နဲ့ ဖွေးဖွေးတို့ရဲ့ အနုပညာစွမ်းရည်တွေ ကို ပရိသတ်ကြီးမြင်တွေ့ရတော့မှာမို့ ဒီဇာတ်ကားလေး ကို လက်မလွှတ်တမ်း အားပေးဖို့ တိုက်တွန်း လိုက်တယ်နော်။

Photo - မောင်သိန်း (ဒဿနိက)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။