သိပ်မကြာသေးခင်အချိန်ကမှ ပရိသတ်တွေရှေ့ပြန်လည်ရောက်ရှိလာခဲ့တဲ့ မင်းသားချောရဲတိုက်ကတော့ အနုပညာလောကကနေ အကြာကြီးပျောက်ကွယ်နေခဲ့ပေမယ့် သူရဲ့ အနုပညာမှော်အတက်တွေကတော့ မပျောက်ဆုံးသေးဘူးပဲ ဖြစ်ပါတယ်။အကျဉ်းထောင်ကလွတ်မြောက်လာခဲ့ပြီး ကျန်းမာရေးအခြေအနေကြောင့် အနုပညာလုပ်ငန်းတွေ ရပ်ဆိုင်းထားရပေမယ့် လက်ရှိမှာတော့ ပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့ရဲ တိုက်ရဲ့အနုပညာတွေကို တစ်ဝကြီးပြန်လည်ကြည့်ရှု့ခံစားရတော့မှာပဲ ဖြစ်ပါတယ်။

ရဲတိုက်ကတော့ လက်ရှိမှာ " ဒဏ္ဍာရီမိုး"ဆိုတဲ့ဇာတ်ကားကြီးရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်းပေါ်က ပုံရိပ် တစ်ချို့ကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနှုန်းကိုပိုမို မြင့်တက်စေခဲ့တာပဲ ဖြစ်ပါတယ်။ရိုက်ကွင်းပုံရိပ်တွေ ထဲမှာတော့ နှစ်အတော်ကြာ ပရိသတ်တွေမမြင်ခဲ့ရတဲ့ ရဲတိုက်ရဲ့ အနုပညာစစ်စစ်တွေ၊ဇာတ်ကားပေါ်မှာလုံး၀ စိတ်နစ်ပြီ mood အပြည့်နဲ့ နက်နက်ရှိုင်းရှိုင်း သရုပ်ဆောင်နေတဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ကြရတာပဲ ဖြစ်ပါ တယ်။ရဲတိုက်အနေနဲ့လည်း ပရိသတ်တွေနဲ့ဝေးကွာခဲ့ပေမယ့် ပရိသတ်တွေရဲ့ မပြောင်းလဲတဲ့ အားပေးမှုတွေ ကြောင့် အခုလိုအနုပညာအစစ်တွေ အသစ်တစ်ဖန် ပြန်လည်ဖန်တီးတင်ဆက်ဖို့အတွက် အားအင်အပြည့်ဖြစ် နေမယ်လို့ ယုံကြည်ပါတယ်။ 

" ဒဏ္ဍာရီမိုး"ဇာတ်ကားကြီးကိုတော့ နိုင်ငံကျော်အနုပညာရှင်များဖြစ်ကြတဲ့ ဒေါင်း၊ ရွှေထူး၊ ဝတ်မှုန်ရွှေရည်တို့နဲ့ အတူတွဲဖက်ရိုက်ကူးနေတာကြောင့် ပရိသတ်တွေကတော့ ပိတ်ကားအထက်မှာ ကြည့်ရမယ့်နေ့ကို မစောင့်နိုင် လောက်အောင်ကို ဖြစ်နေကြမယ်လို့ထင်ပါတယ်နော်။ ဒီဇာတ်ကားမှာ ရဲတိုက်ဟာ ရုပ်ချောပြီးနုပျိုလန်းဆန်းတဲ့ ငယ်ရုပ်အသွင်ရယ်၊ စိတ်ရောရုပ်ပါချထားတဲ့ ဇာတ်ကောင်အဖြစ်ရယ် ၂မျိုးမြင်တွေ့ရမှာဖြစ်တာကြောင့် ပရိသတ် တွေအနေနဲ့တကယ့်ကို အားပေးရကျိုးနပ်မယ့်ကားတစ်ကားပဲ ဖြစ်ပါတယ်။အခုတော့ ဒီဇာတ်ကားကို စောင့်မျှော်အားပေးမယ့် ရဲတိုက်ရဲ့ ချစ်ပရိသတ်တွေအတွက် ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ကြည့်ရှုခံစားနိုင်စေ ရန် မျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - ရဲတိုက် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။