ခိုင်သဇင်ငုဝါကတော့ Modelလောကမှာ ကျော်ကြားအောင်မြင်တဲ့သူ တစ်ဦးဖြစ်ပါတယ်။ အနုပညာလုပ်ငန်းအနေနဲ့ Showပွဲတွေနဲ့ Photo Shooting တွေသာ ရိုက်ကူးသေးတာကို တွေ့ရပါတယ်။ သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ငယ်ရွယ်တက်ကြွတဲ့သူလေး ဖြစ်ပါတယ်။

သူမက Fashion Showတွေနဲ့ အခြား Showပွဲတွေမှာ စတိုင်ကျကျနဲ့ လျှောက်လှမ်းအောင်မြင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပေါင်တံလေးကလည်းသွယ်သွယ်လေးနဲ့လှတဲ့အပြင် သွယ်လျတဲ့မျက်နှာကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ မျက်နှာအမူအရာကအစ ယုံကြည်မှုအပြည့်ရှိပြီး fashion ကအစ စတိုင်ကျအောင် ရွေးချယ်တတ်သူ ဖြစ်ပါတယ်။

သူမက နိုင်ငံခြားက professional မော်ဒယ်တွေလို ပိန်သွယ်လှပပြီး လျှောက်လမ်းထက်မှာ confidence အရှိဆုံး လျှောက်လှမ်းနိုင်သူ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ သူမကို မဂ္ဂဇင်းနဲ့ ကြော်ငြာများမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း L'ore'al Parisရဲ့ Red Carpet Show မှာ အမိုက်စားပုံစံနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခိုင်သဇင်ငုဝါ ပွဲတက်ဖက်ရှင်ကို ဖော်ပြပေးလိုက်ပါတယ်။

Source: Khaing Thazin Nguwah;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။