မနေ့ကညကတော့ ကမ႓ာကျော် Brnad တစ်ခုဖြစ်တဲ့ L'Orel Paris ရဲ့ Red Carpet ပွဲကြီးကို Melia' ဟိုတယ်မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပြီး နာမည်ကြီး ထိပ်တန်းအနုပညာရှင်များစွာ Social Influencers များနှင့် Bloggers တွေက တက်ရောက်ချီမြှင့် ဂုဏ်ပြုခဲ့ကြပါတယ်။ ဂျွန်လွင်က ဦးစီးပြီး ဒီပွဲကြီးကို စီစဉ်ခဲ့တာဖြစ်ပြီး ကိန်းရုပ်ရှင်ပွဲတော်ကို inspire ယူပြီး ကြီးမှူးကျင်းပတဲ့ Red Carpet ပွဲကြီးလည်းဖြစ်ပါတယ်။ 

ဒီပွဲမှာတော့ အမိုက်စားဖက်ရှင်ရှိုးပွဲတွေလည်း ပါဝင်ပြီး မြန်မာပြည်ရဲ့ ထိပ်တန်းမော်ဒယ်လ်တွေက ပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။ ဒီပွဲကိုတက်ရောက်လာသူအားလုံးဟာ ဆန်းသစ်တဲ့ အမိုက်စားဖက်ရှင်အလှအပတွေနဲ့အတူ အနီရောင် ကတ္တီပါကော်ဇောထက်မှာ တောက်ရွှန်းလှပနေကြတာ တွေ့ရပါတယ်။ ဒီပွဲကိုတော့ ထိပ်တန်းမင်းသမီး ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်လည်း တက်ရောက်ခဲ့ပြီး သူမရဲ့ ဖက်ရှင်ကတော့ မြင်သူတကာငေးရအောင်ဖြစ်ခဲ့ပါတယ်။ 

အနီရောင် ကတ္တီပါကော်ဇောထက်မှာ တစ်ကိုယ်လုံး ရဲရဲတောက်အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမရဲ့ အသားအရေနဲ့ အရမ်းကိုလိုက်ဖက်လှတာတွေ့ရပါတယ်။ ဒီပွဲကို တက်ရောက်လာကြတဲ့ လူတွေထဲမှာမှ အနည်းသာရွေးချယ်ချီးမြှင့်တဲ့ The Best Fashion Beauty Dress Award ဆုကိုလည်း ရရှိခဲ့ပြီး သူမရဲ့ ပရိသတ်တွေကတော့ ခေတ်သစ်ဖက်ရှင်ဘုရင်မဆိုပြီး ဝိုင်းဝန်းချီးကျူးနေကြတာ တွေ့ရပါတယ်။ 

Photo Source : Nay Min Tun ( Amazing Grace )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။