နန်းခင်ဇေယျာက Miss International Myanmar 2012 ပိုင်ရှင်ဖြစ်ပြီး ဝိုင်းလေးကတော့ Miss Myanmar World 2014 ပိုင်ရှင်ဖြစ်ပါတယ်။ သူမတို့နှစ်ယောက်လုံးက ပင်ကိုယ်အလှကိုယ်စီကို ပိုင်ဆိုင်ထားကြတဲ့သူလေးတွေ ဖြစ်ကြပါတယ်။ လှပတဲ့ bodyလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးတွေကို ပိုင်ဆိုင်ထားကြတဲ့သူတွေ ဖြစ်ပါတယ်။

ဝိုင်းလေးကတော့ ချစ်စရာအပြုံးလေးနဲ့ဖမ်းစားတတ်တဲ့အပြင် အသံကောင်းတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ နန်းခင်ဇေယျာကလည်း Sexyကျတဲ့ Body မျိုးကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူမတို့ ၂ယောက်လုံးက အနုပညာလောကရဲ့ တောက်ပလာကြတဲ့ ကြယ်ပွင့်လေးတွေအဖြစ် ရပ်တည်နေကြပါတယ်။

မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ L'ore'al Paris Red Carpetပွဲကိုလည်း ၂ယောက်လုံးတက်ရောက်ခဲ့ပါတယ်။ ဝိုင်းလေးက အနက်ရောင်တောက်ပနေတဲ့ ဝတ်စုံလေးနဲ့ပွဲတက်ခဲ့ပြီး နန်းခင်ကတော့ အဝါရောင်ဂါဝန်ထက်မှာ ရွှေရောင် Crystal လေးတွေကို ဆင်ထားတဲ့ ဝတ်စုံလေးနဲ့တက်ရောက်ခဲ့ပါတယ်။ ကိုယ်စီလှနေကြတဲ့သူမတို့၂ယောက်ရဲ့ ချစ်စရာကောင်းပြီးတောက်ပနေတဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source: Wint Yee Shun& Nang Khin Zay Yar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။