MRTV-4 ရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် လူသိများလာခဲ့တဲ့ နန်းစန္ဒာလှထွန်းက အခုဆိုရင်ဇာတ်လမ်းတွေဆက်တိုက်ရိုက်လာပြီဖြစ်ပါတယ်။'ပဉ္စလက်ရွာ''ဇာတ်လမ်းတွဲမှာ ရေဝတီဆိုတဲ့ နာမည်နဲ့ သနားစရာကောင်မလေးအဖြစ် ပရိသတ်တွေရဲ့ ရင်ကိုလှုပ်ခတ်စေခဲ့ပါတယ်။သူမရဲ့ပထမဇာတ်ကားလေးနဲ့တင် ပရိသတ်များစွာပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။နောက်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ ''အရိပ်'' ဇာတ်လမ်းတွဲမှာလည်း ချစ်စရာကောင်းတဲ့ ကျောင်းသူလေး သက်သက် အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။

သရုပ်ဆောင်ပီပြင်ပြီး သူမရဲ့ဟန်ပန်လေးတွေကြောင့် တဖြည်းဖြည်းအောင်မြင်လာတဲ့သူလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း Forever Oulala Production ကစီစဉ်ထုတ်လုပ်ပြီး ဒါရိုက်တာကိုသောင်းရိုက်ကူးမယ့် ''ဝင်္ကပါရှင်းတမ်း'' ဇာတ်လမ်းတွဲမှာလည်း သူမကပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာသူမက နက္ခတ်၊ စည်သူဝင်း၊ကျော်ထက်၊လပြည့်၊သာထက်ဉာဏ်ဇော်၊ဆက်ရန်နိုင်၊ရွှေစင်ဝင့်ရှိန်၊ ခွန်းနေခြည်ချိုတို့နဲ့ အတူပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

နာမည်ကြီး Makeup Brand တစ်ခုဖြစ်တဲ့ L’Oréal Paris ရဲ့ Red Carpet Show ပွဲကိုလည်း သူမက တက်ရောက်ခဲ့ပါတယ်။ စွဲမက်ဖွယ်ကောင်းပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ဝတ်စုံလေးကိုတော့ Desingner Kyaw Htet Aung ကစီစဉ်ပေးထားတာဖြစ်ပြီး Makeup ကိုတော့ လုံဆိုင်းလမုန်က ပြင်ဆင်ခြယ်သပေးထားတာ ဖြစ်ပါတယ်။ ရိုးရှင်းလှပပြီး ချစ်စရာကောင်းတဲ့ ဝတ်စုံလေးနဲ့ ပွဲတက်လာခဲ့တဲ့ နန်းစန္ဒာလှထွန်းရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွကိ ဖော်ပြပေးလိုက်ပါတယ်။

Source:from Nan Sandar Hla Htun;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။