လက်ရှိမြန်မာနိုင်ငံရဲ့ ဒေသအများစုကတော့ ဆင်းရဲချို့တဲ့မှုများစွာကို ခါးသီးခံယူနေကြရပါတယ်။ အဆိုပါဒေသတွေထဲမှာ ပညာရေးချို့တဲ့နေတဲ့ ဒေသများစွာလည်း ရှိနေပါတယ်။ လက်ရှိ ရွာသွန်းနေတဲ့ မိုးရေတွေကြောင့် မြန်မာပြည်အနှံ့အပြားရှိ ဒေသများစွာတွင် သွားလာရေးခက်ခဲမှုတွေဖြစ်ပေါ်နေကြောင်း သိရပါတယ်။  

အဆိုပါ ဒေသတွေထဲမှာ မြန်မာနိုင်ငံရန်ကုန်မြို့အောက်ပိုင်း ကောမှူးမြို့အတွင်းရှိ ဒေသအချို့လည်းပါဝင်နေကြောင်းတွေ့ရပါတယ်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပြီး ကျောင်းသားကျောင်းသူများစွာသွားလာရေးခက်ခဲနေတာတွေ့ရပါတယ်။  

စက်ဘီး၊ဆိုင်ကယ်များရှိနေပေမယ့်လည်း လမ်းများ ယိုယွင်းပျက်စီးမှုကြောင့် ခရီးသွားလာသူများနှင့်အတူ ပညာသင်ကလေးငယ်များအတွက်အခတ်ခဲများစွာရှိနေတာတွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် အခတ်အခဲတွေကြားက ပညာသင်ယူနေရတဲ့ ကလေးငယ်များရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - Naing Naing Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။