အနုပညာလောကနှင့် ဂီတလောကမှာနာမည်ရကြယ်တစ်ပွင့်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကို အားလုံးချစ်မယ်ထင်ပါတယ်။

လက်ရှိ ဝါရင့် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဒီကနေ့ ဝိုင်းစုခိုင်သိန်းရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် အမြဲအားပေးနေတဲ့ ပရိသတ်တွေအတွက် မိတ်ဆက်မှုလေးတစ်ခုပြုလုပ်လိုက်တာတွေ့ရပါတယ်။ အဆိုပါ မိတ်ဆက်ပေးလိုက်တဲ့ပွဲလေးကတော့ "Music,Love, Story ဆိုတဲ့လှပတဲ့ခေါင်းစဉ်နဲ့ AYA NUAC ORCHESTRA MUSIC SHOWCASE 2018" ပွဲလေးပဲဖြစ်ပါတယ်။ အဆိုပါ ပွဲလေးကို ပရိသတ်အချစ်တော်ဝိုင်းစုနှင့်အတူ အခြားအနုပညာရှင်များစွာလာရောက်မှာဖြစ်ပြီး ပရိသတ်ကြိုက်ပွဲလေးတစ်ပွဲဖြစ်လာမှာဖြစ်ကြောင်း ပြောပြထားတာတွေ့ရပါတယ်။ 

ဝိုင်းစုရဲ့ စာသားလေးကတော့ "Music,Love, Story ဆိုတဲ့လှပတဲ့ခေါင်းစဉ်နဲ့ AYA NUAC ORCHESTRA MUSIC SHOWCASE 2018 အတွက် ဝိုင်းစုတို့ အနုပညာရှင်တွေကတော့တက်ကြွစွာနဲ့ ပြင်ဆင်နေပါပြီ။

ထူးခြားတဲ့ဖျော်ဖြေပွဲကြီးဖြစ်လို့ ဝိုင်းစုရဲ့ချစ်ဆုံးတွေ အားလုံးကိုလာရောက်အားပေးစေချင်ပါတယ်နော်" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ အနေဝေးကွားနေတဲ့ ချစ်ပရိသတ်တွေနဲ့ အတူချိန်နိုင်မယ့် ပွဲလေးမိုချစ်ပရိသတ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photos - WYNE SU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။