ဂီတလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ ဂီတသူရဲကောင်းလို့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေတင်စားရတဲ့ တေးရေးတေးဆို ဘစ့်ဂီတပညာရှင် ကိုရဲလွင်(မဇ္ဈိမလှိုင်း) ကတော့ ယနေ့ဇူလိုင်လ(၁၀)ရက်နေ့မှာပဲ ဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားပြီ ဖြစ်ပါတယ်..။

အသက်(၇၀)ရှိပြီဖြစ်တဲ့ ကိုရဲလွင်ဟာ ဒီကနေ့ဇူလိုင်လ(၁၀)ရက်နေ့ ညနေ(၄)နာရီ(၁၀)မိနစ် အချိန်မှာပဲ ရန်ကုန်ဆေးရုံသစ်ကြီး ကုတင်ငါးရာဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်..။

ဂီတပညာရှင်ဦးရဲလွင်ကတော့ ပြီးခဲ့တဲ့ဇွန်လ(၁၀)ရက်နေ့ကတည်းက အသည်းရောဂါနဲ့ ရန်ကုန်ဆေးရုံသစ်ကြီး ကုတင်ငါးရာမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး ယနေ့ညနေမှာ ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်းကို စိတ်မကောင်းစွာ ကြားသိရပါတယ်..။

ဦးရဲလွင်ကွယ်လွန်သွားတဲ့သတင်းဟာ အနုပညာလောကမှာ အချိန်အတိုတွင်းပြန့်နှံ့သွားပြီး အနုပညာရှင်များနဲ့ ပရိသတ်တော်တော်များများကလည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြီးစွာ စိတ်မကောင်းဖြစ်နေကြတာ တွေ့ရပါတယ်..။

(မဇ္ဈိမလှိုင်း) ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဦးရဲလွင်ကတော့ ဒုက္ခသည်များအတွက် သူတတ်ကျွမ်းသော ဂီတအနုပညာဖြင့် တစ်ဖက်တစ်လမ်းမှ တတ်အားသရွေ့အားကိုးမာန်တတ်ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်..။

အဲ့ဒီလို ကိုယ်ကျိုးစွန့်မှုတွေကြောင့်လည်း ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုများက ဂုဏ်ပြုပေးအပ်သည့် (၂၀၁၃) ခုနှစ်အတွက် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုများပေးအပ်ပွဲမှာလည်း ပြည်သူ့ဂုဏ်ရည် အထူးဆုကိုရရှိခဲ့တဲ့ ဂီတလောကရဲ့ ကြယ်တစ်ပွင့်ပဲ ဖြစ်ပါတယ်..။

ဒီကနေ့ညနေမှာ ဦးရဲလွင် ကွယ်လွန်ကြောင်းကြားသိရတဲ့အတွက်

မိသားစုများနဲ့ထပ်တူ Myanmarload မှဝမ်းနည်းရပါတယ်..။

Photo - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။