ပရိသတ်အချစ်တော်မင်းသမီးချောလေး မိုးယုစံကတော့ ယနေ့မှာသူမရဲ့ မွေးနေ့လေးဖြစ်ပါတယ်။အမြဲတမ်းပရိသတ်တွေကို တရင်းတနှီးနေတက်သူလေး ဖြစ်တဲ့အပြင်အနုပညာအသိုင်းအဝိုင်းမှာလည်းချစ်ခင်သူတွေများစွာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ယနေ့မှာတော့ သူမဟာ အသက် ၂၇နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး သူမရဲ့ နုပျိုလှပမှုတွေကတော့ တစ်သားမွေးတစ်သွေးလှဆိုသလို လှနေဆဲဖြစ်ပါတယ်။သာယာတဲ့ မိသားစုလေးကို ဖြတ်သန်းနေသူတစ်ယောက်ဖြစ်ပြီးချစ်စရာကောင်းတဲ့ သားချောလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"ဒီနှစ်တော့ သားသားလေးနဲ့တူတူ နောက်နှစ်ဆို Daddy နဲ့အတူ မာမီကို HBလုပ်လို့ရပီ"ဆိုတဲ့စာသားလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။သူမရဲ့မွေးနေ့လေးကိုလည်းချစ်ပရိသတ်တွေအနေနဲ့ မွေးနေ့ဆုတောင်းလေးတွေပြောခဲ့ ကြပါအုံးနော်....

သတင်းအရင်းအမြစ်-မိုးယုစံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။