မန်ကျည်သီးကို အစိမ်းရော အမှည့်ရော ဟင်းချက်တဲ့နေရာမှာ စားသုံးကြသလို ကျန်းမာရေးအတွက်လည်း များစွာ အသုံးဝင်ပါတယ်။ အကောင်းအဆိုး ဆိုတာ ဒွန်တွဲနေတာမို့ ကောင်းကျိုးများကိုလည်း သိထားသင့်သလို ဆိုးကျိုးများကိုလည်း ရှောင်ကြဉ်ဖို့အတွက် သိထားသင့်ပါတယ်။ ဒါ့ကြောင့် မန်ကျည်းသီးကို ဘယ်လို အချိန်တွေမှာ မစားသင့်ဘူးလဲ ? အများဆုံး ဘယ်လောက်ပဲ စားသုံးသင့်လဲ ? ဆိုတာကို ဖော်ပြပေးပါတယ်။

မန်ကျည်းသီး စားသုံးခြင်းကို ရှောင်ကြဉ်သင့်တဲ့ အချိန်များမှာ -

- အကိုက်အခဲပျောက်ဆေး၊ သွေးကျဲဆေးများကို မှီဝဲနေရသူများအနေနဲ့ မန်ကျည်းသီးကို လုံးဝမစားသင့်ပါဘူး။

- မန်ကျည်းသီးကို စားသုံးလိုက်တဲ့ အရေပြားမှာ အနီစက်များနှင့် အဖုအပိန့်များ ထွက်ခြင်း၊ အော့အန်ခြင်းမျိုး ဖြစ်ခဲ့လျှင် ဓါတ်မတည့်မှု ဖြစ်နိုင်တာကြောင့် မန်ကျည်းသီး စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

- ခွဲစိတ်ကုသမှုခံယူနေစဉ်အတွင်းနှင့် ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် ခွဲစိတ်ကုသမှုခံယူမယ့်သူများတွေအနေနဲ့ ခွဲစိတ်ကုသမှုမခံယူခင် နှစ်ပတ်အလိုကတည်းက မန်ကျည်းသီးကို လုံး၀ မစားဘဲ ရှောင်ကြဉ်သင့်ပါတယ်။

မန်ကျည်းသီးကို တစ်နေ့မှာ အများဆုံး ဘယ်လောက် စားသုံးသင့်လဲ ???

တစ်နေ့ကို မန်ကျည်းသီး ၁၀ ဂရမ်ထက် ပို မစားသင့်ပါဘူး။ မန်ကျည်းသီးကို လိုတာထက် ပိုပြီး အလွန်အကျွံ စားသုံးမိတဲ့အခါ

- သည်းခြေကျောက်တည်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

- သွားကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။

- အစာအိမ်အချဉ်ဖောက်ခြင်းကို အားပေးရာ ရောက်ပါတယ်။

- သွေးအားနည်းစေနိုင်ပါတယ်။

- သံဓါတ်အား နည်းစေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

- သွေးတွင်းသကြားဓါတ်ကို ကျဆင်စေပြီး သွေးချို ထိန်းညှိမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ဖော်ပြပါ အကြောင်းအရာများ သိရှိပြီး အားလုံးပဲ ကျန်းမာရေး ဗဟုသုတ တိုးပွားမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။