ကမ္ဘာကြီးပေါ်မှာတော့ သင်မယုံကြည်နိုင်လောက်အောင် ထူးဆန်းတဲ့အရာတွေများစွာတည်ရှိနေပါတယ်။

တစ်ခါတစ်ရံမှာ တကယ်ရောဟုတ်ပါ့မလားဆိုတဲ့ အတွေးလေးတောင် ၀င်မိတဲ့အထိ အံသြစရာအရာလေးတွေလည်း ရှိနေတတ်ပါတယ်။

အဲ့လိုပါပဲ အခုအခါဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးဟာဆိုရင်တော့ လွန်ခဲ့တဲ့ ၁၈ ရာစုနှစ်လောက်က တကယ်ရှိခဲ့တဲ့ ခန္ဓာကိုယ်အောက်ပိုင်း သစ်ကုလားအုတ်ပုံစံ နဲ့ မိန်းကလေးတစ်ဦးအကြောင်းပဲဖြစ်ပါတယ်။  

သူမရဲ့နာမည်ကတော့ Ella Harper ဖြစ်ပြီး ၁၈၇၀ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာဖွားမြင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

သူမရဲ့ခြေထောက်တွေဟာ မွေးလာထဲက ကောက်ကွေ့ကာ ပြောင်းပြန် ပုံစံနဲ့မွေးဖွားလာတာကြောင့် သူမဟာ သာမန်လူတစ်ဦးလို လမ်းမလျှောက်နိုင်ဘဲ သတ္တဝါ တစ်ကောင်လိုသာ လမ်းလျှောက်နိုင်သူတစ်ဦးပဲဖြစ်ပါတယ်။

သူမဟာ အသက် ၁၂ နှစ်အရွယ်မှာ Nickel Pate Circus program မှာ ၀င်ရောက်ခဲ့ပြီး သူမရဲ့ထူးခြားမှုကို ၀င်ရောက်ပြသခဲ့ရာမှ Camel Girl ဆိုတဲ့ nick name လေးတစ်ခုရရှိခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ထူူးခြားမှုတစ်ခုကတော့ သူမဟာ စတင်ပြသတဲ့တစ်ပတ်ထဲမှာတင် ယခုခေတ်အတိုင်းအတာနဲ့ဆိုရင် $5000 လောက်ဝင်ငွေတွေရရှိခဲ့တာပဲဖြစ်ပါတယ်

ထို့နောက်မှာတော့ Ella ဟာ သူမအသက်၃၅ နှစ်အရွယ် ၁၉၀၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ Robert နဲ့လက်ထပ်ထိမ်းများခဲ့ပြီး သိပ်မကြာခင်မှာတင် ကိုယ်ဝန်ရရှိ်ကာ Mabel Eလို့အမည်ရတဲ့ သမီးလေးတစ်ယောက်ကိုဖွားမြင်ခဲ့ပါတယ်။

ဒါ့ပေမယ့်ကံဆိုးမှုတစ်ခုလို့ဆိုရလောက်အောင်ပင် သူမရဲ့သမီးလေးဟာ ၁၉၀၆ ခုနှစ် နိုဝင်ဘာလမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

ထို့နောက် Ella ဟာ သူမရဲ့ အသက် ၄၈ အရောက်မှာ Jewel Savely လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ကိုထပ်မံရရှိခဲ့ပေမယ့် ထိုကလေးဟာ အသက် ၃ လအရွယ်မတိုင်ခင်မှာပဲ ထပ်မံသေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

နောက်ထပ်သုံးနှစ်အကြာမှာတော့ Ella ဟာ အူမကြီးကင်ဆာ ရောဂါဖြင့်သေဆုံးခဲ့ပြီး သူမရဲ့သမီးလေး ဘေးမှာတင် မြုပ်နှံပေးခဲ့တာပဲဖြစ်ပါတယ်။

အခုဆိုရင်တော့ သူမသေဆုံးခဲ့တာဟာ ၉၇ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့်လည်း သူမရဲ့ထူးခြားတဲ့ ခန္ဓာကို်ယ်ဖွဲ့စည်းပုံကြောင့် လူအများကြားမှာ နာမည်ကျန်နေသေးတာဖြစ်တဲ့အတွက် ပရိသတ်တွေသိရှိနိုင်စေဖို့ဖော်ပြပေးလိုက်ရပါတယ်။

source - Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။