တရုတ်နိုင်ငံအနောက်တောင်ပိုင်းဒေသတွေမှာတော့ ပြင်းထန်တဲ့ မိုးရွာသွန်းမှုတွေကြောင့် ဆိုးရွားတဲ့ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာစတင်ရွာသွန်းခဲ့တဲ့မိုးကြောင့် ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်သလို ပြည်သူတွေအတွက် ဆုံးရှံုးမှုတွေများစွာ ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း အဆိုးရွားဆုံးဖြစ်တဲ့ ယန်ဇီမြစ်ဝှမ်းဒေသတွေမှာ လမ်းတွေရေနစ်မြုပ်ခဲ့သလို လျှပ်စစ်မီးတွေပါ ပြတ်တောက်ခဲ့ပါတယ်။

ရေတွေကအိမ်ထဲတွေကိုဝင်ရောက်ပြီး အိမ်တွေပါနစ်မြုပ်မှုတွေဖြစ်တာကြောင့် သောင်းနဲ့ချီတဲ့လူတွေကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးနေရတယ်လို့သိရပါတယ်။ 

မိုးရွာသွန်းမှုကနေစတဲ့ ဖူကျန်းမြစ်ရေ လျှံတက်မှုဟာ ၂၄၅ မီတာအထိ ရောက်ရှိခဲ့တာကြောင့် သတိပေးချက်တွေထက် ရ မီတာကျော်ကာ ဆိုးရွားတဲ့အခြေအနေဆိုးကြီးတစ်ခုနဲ့ ကြံုတွေ့နေရတာပဲဖြစ်ပါတယ်။

ယနေ့အချိန်ထိဆိုရင်တော့ ရွှေ့ပြောင်းပေးခဲ့တဲ့ ရေဘေးသင့်ပြည်သူအရေအတွက် ၈ သောင်းကျော်အထိရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်။  

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။