"ဂေးဇာတ်ရုပ်မျိုးမရိုက်တော့ဘူး" ဆိုတဲ့ အလင်းရောင်

လက်ရှိရုံတင်ပြသလျက်ရှိတဲ့ "ဘယ်ရည်းစားကိုအချစ်ဆုံးလဲ" ရုပ်ရှင်ဇာတ်ကားဟာ Trailer ထွက်က တည်းက ပရိသတ်တွေ စိတ်ဝင်စား နေကြတဲ့ ကားတစ်ကားပါ။ ဇာတ်ကားမှာ မော်ဒယ်လ်ဘွိုင်းဇွဲနေရာကနေ သရုပ်ဆောင်ထားတဲ့ အလင်းရောင်ကို ဒီကား Trailer တက်လာ ကတည်းက သူ့ပရိသတ်တွေက comment တွေ အများကြီးပေးထားတာ တွေ့ရပါတယ်။ အလင်းရောင်က ဒီဇာတ်ကားမှာ ဂေးနေရာက သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီဇာတ်ရုပ်အပေါ် သူရဲ့အမြင် သူ့ပရိသတ်အမြင်တွေနဲ့ ပတ်သတ်ပြီး မေးမြန်းကြည့်တဲ့ အခါမှာတော့………

"ပရိသတ်တော်တော်များများကလည်း ကျွန် တော့်ရဲ့ဇာတ်ရုပ်ပုံစံကို မကြိုက်ကြဘူး။ ကျွန်တော်က ကိုယ့်ကို ဂေးလို့ထင်အောင် သရုပ်ဆောင်ရတဲ့ အတွက် ပရိသတ်အမြင်မှာလည်း အထင်လွဲနိုင်ပါတယ်။ အန္တရာယ်လည်းကြီးပါတယ်။ ဒါပေမဲ့ ကျွန် တော်က ဇာတ်ရုပ်အမျိုးမျိုးကို ရိုက်ဖူးချင်တာကြောင့် လက်ခံဖြစ်တာပါ။ ပြီးတော့ ဒီကားက ကျွန် တော့်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားပါ။ အဲဒါကြောင့် ကျွန်တော့်ကို ရိုက်ဖို့ အခွင့်အရေးပေးလာတာ ကိုပဲ ကျေးဇူးတင်ရမှာပါ။ ကျွန်တော့်မှာ ဇာတ်ရုပ်ရွေးချယ်ပိုင်ခွင့် မရှိသေးပါဘူး။ ပရိသတ်တွေအနေ နဲ့လည်း ကျွန်တော့်ကို နားလည်ပေးစေချင်ပါတယ်။ ဂေးဇာတ်ရုပ်မျိုးကို နောက်ထပ်ရိုက်ဖို့ ကမ်းလှမ်း လာရင်ရော ရိုက်ကူးသွားမှာလားဆိုတော့ မရိုက်တော့ပါဘူူး။ ကျွန်တော့်အတွက် ဒီကားက နောက်ဆုံးပါပဲ။ လတ်တလောမှာတော့ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ မိန်းမဟူသ၍ ငါတို့၏စကားမြစ်၌ မျောကြစေသတည်း ရုပ်ရှင်ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်နေပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

Source: 8Days

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။