လတ်တလောပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားနေတဲ့ Sexy Actress တစ်ဦးဖြစ်တဲ့ သင်ဇာ ဝင့်ကျော်တစ်ယောက် သူမရဲ့ချစ်သူဆီက ကမ္ဘာကျော် Brand ဖြစ်တဲ့ Versace အိတ်နဲ့ Micheal Kors နာရီကို လက်ဆောင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ချစ်သူရဲ့တန်ဖိုးထား မြတ်နိုးပြီး ချစ်ခင်မှုကိုခံရတဲ့မိန်းကလေး တိုင်းဟာ ကံကောင်းတဲ့မိန်းကလေးတွေပါပဲ။

လတ်တလောမှာတော့ သူမရဲ့ပွဲတက်ဝတ်စုံကြောင့် ဝေဖန်ခံနေရပေမယ့် သူမကိုချစ်ခင် အားပေးတဲ့ ပရိသတ်တွေလည်း ပိုမိုများပြားလာတာကိုလည်း တွေ့ရပါတယ်။ ချစ်သူနဲ့မကြာ ခဏ ကတောက်ကဆ ဖြစ်ပေမယ့် သိပ်မကြာခင်မှာလည်း ပြန်လည်ပြေလည်သွားတာကို လည်း တွေ့ရပါတယ်။ ချစ်သူဘဝကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့မှ တကယ့်အရသာ အစစ်ပါပဲ။

သိပ်မကြာသေးခင်က သူမရဲ့ Facebook စာမျက်နှာထက်မှာ သူမချစ်သူပေးတဲ့ လက် ဆောင်တွေနဲ့ " Lovely present from Oppa " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့မင်းသမီးလေးရဲ့ ချစ်သူက ဘယ်သူဆိုတာကို ပရိသတ်ကြီးကလည်း စိတ်ဝင်စား နေမယ်ထင်ပါတယ်။ လက်ရှိအချိန် ထိတော့ သူမရဲ့ချစ်သူကို ပရိသတ်တွေကို အသိမပေး သေးပါဘူး။

Photo - Thinzar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။