မနေ့ညကတော့ ပရိသတ်တွေ ၄နှစ်ကြာ စောင့်မျှော်နေကြတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးဟာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ပဲ စတင်ခဲ့ပါတယ်။ ပြင်သစ်အသင်းအသာစီးရရှိမယ်လို့ ထင်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ပြင်သစ်အသင်း အနေနဲ့ ခရိုအေးရှားအသင်းရဲ့ တိုက်စစ်ကိုသာထိန်းချုပ်နေရပြီး တန်ပြန်တိုက်စစ်တွေနဲ့သာ ကစားခဲ့ရတာပဲဖြစ်ပါတယ်။ခရိုအေးရှားတို့ ဂိုးကံခေနေလို့သာပြင်သစ်တို့အသက်ရှူချောင်သွားတာပဲဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလား ဗိုလ်လုပွဲရဲ့ ပြင်သစ်နဲ့ ခရိုအေးရှားတို့ ပွဲမှာတော့ 4-2 နဲ့ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။အဖွင့်ဂိုးကိုတော့ ပြင်သစ်အသင်းကရရှိခဲ့ပြီး ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်က ကိုယ့်ဂိုးကိုယ်သွင်းမိပြီး ပြင်သစ်ကဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ပြင်သစ်အတွက်ဂိုးတွေကိုတော့ ဂရစ်ဇ်မန်း ပေါ့ဘာ အမ်ဘတ်ပီ တို့ ဂိုးတွေသွင်းယူပေးခဲ့ပါတယ်။ ဂရစ်ဇ်မန်း ကတော့ ဗိုလ်လုပွဲတိုင်းဂိုးတွေ သွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ 

ပေါ့ဘာဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ပထမဆုံး မန်ယူကစားသမားဖြစ်လာခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ တတိယမြောက် မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်ခဲ့ပါတယ်။ ပြင်သစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ဂိုးသွင်းယူခဲ့တဲ့ ဗီဒီယိုကို အောက်မှာကြည်ရူနိုင်ပြီး ချစ်ပရိသတ်ကြီးအတွက် ဖော်ပြပေးထားပါတယ်။

source: daily mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။