ပျိုမေတိုင်းနီးပါးက အလှပြင်တဲ့အခါ အိုင်းလိုင်နာကတော့ မပါမဖြစ်ဘဲ ဖြစ်ပါတယ်။ မျက်ခမ်းစပ် အတွင်းသားနဲ့ အပြင်ဘက်ကို အိုင်လိုင်းနာ ဆိုးလိုက်တဲ့အခါ မျက်လုံးလေးက ဝင့်ဝင့်ကြွားကြွားလေး ဖြစ်ပြီး လှပနေပါတော့တယ်။ ဒါ့ကြောင့်လည်း တခြား ထွေထွေထူးထူး မိတ်ကပ်ပြင်ဖို့ အချိန်မရှိတဲ့အခါ ပေါင်ဒါလေးရိုက်ပြီး အိုင်းလိုင်နာလေးဆွဲလိုက်ရုံနဲ့ မျက်နှာလေးက အတော်အသင့် ကြည့်ကောင်းသွားပါတယ်မို့ ဒါကိုပဲ အလွယ်တကူ အသုံးပြုနေကြပါတယ်။

ပျိုမေတို့ သတိထားရမယ့် အချက်က မျက်လုံးနဲ့ တအားကပ်ပြီး အိုင်းလိုင်နာကို အသုံးပြုခဲ့အခါမှာတော့ မျက်စိနဲ့ မျက်ခမ်းသားတွေကို ထိခိုက်မှု ဖြစ်စေပါတယ်။ လိုင်နာအမှုန်တွေက မျက်စိထဲ ဝင်စေပြီး အမြင်အာရုံကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

အိုင်းလိုင်နာဆိုးပြီး ၁၅ မိနစ်လောက် ကြာတဲ့အခါမှာ မျက်စိထဲကို လိုင်နာ အမှုန်တွေက ၂၀ ရာခိုင်းနှုန်းလောက်ထိ ဝင်သွားနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ မျက်လုံးကို ခိုးလိုးခုလုဖြစ်စေခြင်း၊ မျက်လုံး နီရဲခြင်း၊ မျက်လုံး ပိုးဝင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် အိုင်းလိုင်နာ အသုံးပြုတဲ့အခါ သတိထား ရှောင်ကြဉ်ရမယ့် အချက်လေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။

- ၄ လ အထက် သက်တမ်းကြာတဲ့ အိုင်းလိုင်နာတွေကို လုံး၀ အသုံးမပြုပါနဲ့။

- အရမ်း ပူလွန်းသော နေရမှာ မသိမ်းပါနဲ့

- အိုင်လိုင်းနာတွေကို သန့်ရှင်းအောင် ထားပါ။

- အပြင်က ပြန်တာလိုင်း အိုင်းလိုင်နာတွေကို ဖျက်ပစ်ပါ။

- လိုအပ်မှသာ အိုင်းလိုင်နာ အသုံးပြုပါ။

- မျှေ၀ မသုံးစွဲဘဲ တစ်ယောက်တည်းသာ အသုံးပြုပါ။

- အသုံးပြုတဲ့အခါ စပ်ဖျင်းဖျင်းဖြစ်နေခြင်း၊ နီရဲနေခြင်း မျိုး ဖြစ်တဲ့အခါ ဓါတ်မတည့်တာ ဖြစ်နိုင်တာမို့ ထို အိုင်းလိုင်နာကို ရှောင်ပါ။ ဆက် မသုံးပါနဲ့။

- လက်ကို သန့်ရှင်းအောင် အရင် ပြုလုပ်ပြီးမှ အိုင်းလိုင်နာ အသုံးပြုပါ။

- လမ်းသွားနေချိန်၊ ကားစီနေချိန်၊ ရထားစီးနေချိန် စတဲ့ ဒီလို အချိန်မျိုးမှာ အချိန်မှာ အိုင်းလိုင်နာ အသုံးမပြုပါနဲ့။

- အိုင်းလိုင်နာ အစားထိုး အနေနဲ့ အခြားသော အလှကုန်များကို အိုင်းလိုင်နာအဖြစ် အသုံးမပြုပါနဲ့။

ဖော်ပြပါ အကြောင်းအရာများကို ရှောင်ကြဉ်နေသည့်တိုင်အောင် မျက်လုံးနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဆိုးကျိုး တစ်ခုခု ခံစားလာရတဲ့ အခါ ဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်ပြီး ရောဂါ အရှင်းပျောက်မှသာ အိုင်းလိုင်နာကို ပြန်လည်သုံးစွဲသင့်ပါတယ်။ မျက်လုံးနှင့် ပတ်သက်ပြီး ဆေးကုသမှု ခံယူနေစဉ်အတွင်းလည်း လုံး၀ အသုံးမပြုသင့်ပါဘူး။

အားလုံးပဲ အန္တရာယ်ကင်းကင်းနှင့် လှသထက် လှနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။