အခုလို လူမှု ကွန်ယက်တွေ ခေတ်စားလာတဲ့အမျှ ဓါတ်ပုံရိုက်ခြင်းကလည်း အရမ်းကို တွင်ကျယ်လာခဲ့ပါတယ်။ နောက်ပြီး လူမှုကွန်ယက်တွေပေါ်မှာ ဓါတ်ပုံတွေ တင်မယ်၊ ပြိုင်ပွဲတွေ ဝင်ပြိုင်မယ် … ဒါတွေကလည်း လူငယ်အများစု အထူးသဖြင့် ပျိုပျိုမေလေးတွေအတွက် စိတ်ပျော်ရွှင်ရာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး ဓါတ်ပုံရိုက်တဲ့အခါ ကိုယ်တိုင်က မော်ဒယ်လ် သင်တန်း တက်ထားတာမျိုး မဟုတ်ရင် post ပေးရတာက တခါတလေမှာ အခက်အခဲ ရှိပြီး ဓါတ်ပုံလှလှလေးတွေ မရတဲ့အခါမှာလည်း အနည်းနဲ့ အများ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။

ဒ့ါကြောင့် ဓါတ်ပုံရိုက်တဲ့အခါ အမြဲတမ်း လှနေစေဖို့ ဒီအချက်လေးတွေကို ပုံလေးတွေနဲ့ တကွ ကြည့်လိုက်ရအောင် နော်။

(၁) ကိုယ့်မှာ ရှိတဲ့ အားနည်းချက်ကို တတ်နိုင်သလောက် ကွယ်ပါ။

မေးရိုး နှစ်ထပ် ဖြစ်နေတဲ့အခါ တစ်ခြမ်းစောင်းပြီး ဖြစ်ဖြစ်၊ ဆံပင်ကွယ်ပြီး ဖြစ်ဖြစ် ဓါတ်ပုံ ရိုက်ပါ။ နဖူုးကျယ်လွန်းနေလည်း ကင်မရာကို အပေါ်စီးမှ ယူတာမျိုး မဟုတ်ဘဲ ဓါတ်ပုံကို ကွယ်ရိုက်ပါ။

(၂) မျက်နှာအနေအထားကို သတိပြုပါ။

ကိုယ့်မျက်နှာ အနေအထားအရ ဘယ်ဘက်အခြမ်းက လှတာလား? ညာဘက်အခြမ်းက ပိုလှတာလား သတိထား ကြည့်ပါ။ တစ်ယောက်နဲ့ တစ်ယောက် အနေအထားချင်း မတူတာမို့ ကိုယ့်ရဲ့ မျက်နှာအနေအထားက ဘယ်လိုနေရင် ပိုလှလဲ ဆိုတာကို သတိပြုပါ။

(၃) လက်မောင်း နှင့် ကိုယ်နေဟန်ထားကို ကစားပါ။

အထူးသဖြင့် ဘေးစောင်းရိုက်တဲ့အခါ အများစု မေ့နေတတ်တာက လက်မောင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးစောင်းရိုက်ဖို့ စိတ်ကူး ရှိတယ်ဆိုရင် ကိုယ်နေဟန်ထားနဲ့ လက်မောင်းကို ဂရုစိုက်ပါ။

(၄) ခြေချင်းဝတ် နှစ်ခုကို ယှက်ထားပါ။

ခြေချင်းဝတ် နှစ်ခုကို ယှက်ထားပြီး ဓါတ်ပုံရိုက်ခြင်းက ခန္ဓာကိုယ် ကောက်ကြောင်းကို ပိုပေါ်လွင်စေနိုင်ပြီး ခြေသလုံး သွယ်လျတယ်လို့ ထင်ရစေနိုင်ပါတယ်။

(၅) အများနဲ့ ဓါတ်ပုံ စုရိုက်တဲ့အခါ သူများ လုပ်သလို၊ နေသလို မျိုးကို ရှောင်ကြဉ်ပါ။

သူငယ်ချင်းတွေနဲ့ ဓါတ်ပုံစုရိုက်တဲ့အခါ အားလုံး Post ပေးကြတဲ့အတိုင်း ကိုယ်ကပါ လုပ်လိုက်တဲ့အခါ ကြည့်ရတာလည်း အမြင်ရိုးသလို ကိုယ်ကလဲ မပေါ်လွင်တာမျိုး ဖြစ်နိုင်တာမို့ ဖြစ်နိုင်ရင် ကိုယ့်စတိုင်လ်နဲ့ ကိုယ် ဓါတ်ပုံ ရိုက်ပါ။

(၆) ကင်မရာရှေ့မှာ ပြုံးနိုင်အောင် အကျင့်လုပ်ပါ။

ကင်မရာ ချိန်လိုက်တာနဲ့ ပြုံးနေခြင်းကို အကျင့်လုပ်တာက ဓါတ်ပုံတိုင်းမှာ သင့်ကို လှစေနေပါလိမ့်မယ်။ Snap Shot တောင် လှနေတာမျိုးပေါ့။

(၇) လှပပြီး ကိုယ်နဲ့ အလိုက်ဖက်ဆုံး အနေအထားကို လေ့ကျင့်ပါ။

ကိုယ့်အတွက် ဘယ်လို post မျိုးက အလိုက်ဖက်ဆုံးလဲ ဆိုတာကို သတိထားပြီး လေ့ကျင့်ပါ။ တခါတလေ ဓါတ်ပုံရိုက်ဖို့အတွက် ချက်ချင်း post ပေးလိုက်ရတဲ့ အခါ ကိုယ့်အနေအထားလေးက လှနေပါလိမ့်မယ်။

(၈) လွတ်လပ်တဲ့ ပုံစံမျိုး ဖြစ်အောင် နေပါ။

ဓါတ်ပုံထဲမှာ ကိုယ့်ရဲ့ ပုံစံက အရမ်းကို လွတ်လပ်ပြီး ပျော်စရာ ကောင်းနေရင် ကြည့်ရတဲ့ သူကလည်း စိတ်ချမ်းသာစေနိုင်ပါတယ်။

အားလုံးပဲ ဓါတ်ပုံလှလှလေးတွေ ရိုက်နိုင်ပြီး ပျော်ရွှင်စရာ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - stylecaster.com  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။