အိမ်တိုင်းနီးပါးမှာ ရေခဲသေတ္တာ ရှိကြပေမယ့် အချို့တော့ မှားယွင်းစွာအသုံးပြုတတ်ကြပါတယ်။ အထူးသဖြင့် ရေခဲသေတ္တာထဲကို ကြောင်အိမ်လိုမျိုး စားစရာ တော်တော်များများကို ထည့်သိမ်းတတ်ကြပါတယ်။ ဒီလို မှားယွင်းမှုတွေကို သတိမထားမိပေမယ့် အချိန်ကြာလာတဲ့ အခါမှာတော့ ကျန်းမာရေး ဆိုးကျိုးများ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အခုဖော်ပြမယ့် အကြောင်းအရာကတော့ ရေခဲသေတ္တာထဲ လုံး၀ မထည့်သင့်သော စားစရာ ၅ မျိုးပဲ ဖြစ်ပါတယ်။

၁။ ကြက်သွန်

ကြက်သွန် လတ်ဆတ်နေစေရန်အတွက် လေဝင်လေထွက်ရဖို့ လိုအပ်ပါတယ်။ ကြက်သွန်ကို ရေခဲသေတ္တာထဲ လုံး၀ မထည့်သင့်ပါ။ အာလူးနှင့် ကြက်သွန်ကို အတူတူ လှောင်ထားခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုထားခြင်းက မြန်မြန် ပုပ်စေနိုင်စွမ်း ရှိပါတယ်။

၂။ ပင်စိမ်းရွက်

ပင်စိမ်းရွက်ကို အပူချိန် (၅) ဒီဂရီ စင်တီဂရိတ်အောက်မှာ ထားလိုက်သည်နှင့် အရွက်များသည် သိပ်မကြာခင်မှာပင် မည်းသွားတတ်ပါတယ်။ ဖန်ခွက်ထဲသို့ ရေအနည်းငယ်ထည့်ကာ ပင်စိမ်းရိုးတံကို နှစ်ထားပြီး ထားလျှင် အကောင်းဆုံး ဖြစ်ပါတယ်။

၃။ အာလူး

ရေခဲသေတ္တာထဲရှိ လေအေးက အာလူးထဲတွင် ပါသော အခွဲျဓာတ်ကို သကြားဓာတ် အဖြစ်သို့ ပြောင်းပစ်လိုက်ပါတယ်။ အာလူးကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်လျှင် ကိုက်ရတာ ခပ်ခွဲျခွဲျ မဟုတ်တော့ဘဲ ဖွယ်တယ်တယ် ပွတတ ဖြစ်နေပါတော့တယ်။ အခွဲျဓာတ်မှတစ်ဆင့် သကြားဓာတ်သို့ ပြောင်းသွားပါသဖြင့် အာလူးက ပုံမှန်ထက် ပိုချိုနေတတ်ပါတယ်။

၄။ ခရမ်းချဉ်သီး

အများစုက ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ ထည့်လေ့ ရှိပါတယ်။ ဒီလိုထားခြင်းက ခရမ်းချဉ်သီးရဲ့ လတ်ဆတ်မှု၊ အရည်ရွှမ်းမှုများ ပျောက်ဆုံးသွားပါတယ်။ လတ်ဆတ်သော အရသာများ ပျောက်ဆုံးပြီး၊ ပါးစပ်ထဲ ဖွယ်တယ်တယ် ဖြစ်စေသော အရသာ တိုးလာပါလိမ့်မယ်။

၅။ ဖရဲသီး အလုံးလိုက်

ဖရဲသီးကို ခွဲစိပ်ထားတာမျိုး မဟုတ်ဘဲ ရေခဲသေတ္တာထဲ အလုံးလိုက် ထည့်ထားခြင်းသည် ဖရဲသီးတွင်ပါဝင်သော အကျိုးပြုသည့် antioxidant များကို တစ်ဝက်လောက် လျော့သွားစေပါတယ်။ ထို့ပြင် Betacarotin ဓာတ်များလည်း များစွာ လျော့ကျသွားစေပါတယ်။ ၎င်းဓာတ်များသည် အသားအရေကို လှပတင်းရင်းစေပြီး မျက်စိအမြင် အာရုံကို ကောင်းမွန်စေပါတယ်။

ဒါတွေကို သိရှိပြီး သင့် အိမ်က ရေခဲသေတ္တာထဲမှာ မှားယွင်းစွာ ထည့်ထားမိတယ်ဆိုရင် ဖယ်ထုတ်ပစ်လိုက်ပါ။ သူငယ်ချင်းတွေကိုလည်း ဗဟုသုတအဖြစ် မျှဝေနိုင်ပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာ ကြပါစေရှင်။

သတင်းအရင်းအမြစ် - food.ndtv.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။