အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောမိုးဟေကိုကတော့ ကြွကြွရွရွဖက်ရှင်ဒီဇိုင်းအလှပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့အမြင်အာရုံတွေကို စိုးမိုးလိုက်ပြန်ပါတယ်..။

ဖက်ရှင်ကျပြီး အမြဲဆွဲဆောင်မှုအပြည့်ရှိတဲ့ အနုပညာရှင်မင်းသမီးတွေကို ပြောရမယ်ဆိုရင် စွဲမက်ဖွယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောမိုးဟေကိုကတော့ တကယ့်ကို မပါမဖြစ်ပါပဲ..။

မိုးလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ အားလုံးရဲ့အချစ်တော်မင်းသမီးချော မိုးဟေကိုကတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ပေမယ့် လတ်တလောမှာတော့ People Magazine အတွက် ဓာတ်ပုံလေးတွေကို ရိုက်ကူးပေးထားတာ တွေ့ရပါတယ်..။

စွဲမက်ဖွယ်အလှတရားတွေနဲ့ အမြဲဖမ်းစားတတ်တဲ့ အလှပိုင်ရှင်မလေး မိုးကတော့ အခုတစ်ခေါက်မှာလည်း Evering Grown ဂါဝန်ဖက်ရှင်လေးနဲ့ ကျော့ရှင်းလှပစွာ ပရိသတ်တွေကို အချစ်ပိုစေပြန်တာလည်း ဖြစ်ပါတယ်..။

ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ မိုးကတော့ လတ်တလော အနုပညာလှုပ်ရှားမှုတွေနည်းပါးနေပေမယ့် တစ်ခါတစ်ရံအခမ်းအနားပွဲတွေမှာ တွေ့ရတတ်ပြီး ဓာတ်ပုံ မဂ္ဂဇင်း ကြော်ငြာများလည်း ရိုက်ကူးပေးနေတာ တွေ့ရပါတယ်..။

လာမယ့် သြဂုတ်လ(၃)ရက်နေ့မှာတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ပြန်ပေး” ရုပ်ရှင်ဇာတ်ကားကြီး စတင်ရုံတင်ပြသတော့မှာဖြစ်တဲ့အတွက် မိုးရဲ့ပရိသတ်တွေအတွက် သတင်းကောင်းပေးပါးလိုက်ပါတယ်နော်..။

Photo - မိုးဟေကို၊ Myanmar People Magazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။