ဇူလှိုင်လ(၁၃) ရက်နေ့က တရားဝင် ထွက်ရှိခဲ့တဲ့ Hotel Transylvania 3 ကာတွန်းကြီးကတော့ လက်ရှိမှာ ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေသလို အမေရိကန် 3D ရုပ်ကြွ 3D computer-animated ကာတွန်း ရုပ်ရှင် အမျိုးအစားဖြစ်ပြီး Sony Pictures Animation ကနေ ထုတ်လုပ် လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင် ရဲ့ ဒါရိုက်တာကတော့ Genndy Tartakovsky ဖြစ်ပြီး ဇာတ်ညွန်းကို တော့ Tartakovsky နဲ့ Michael McCullers တို့က ပူးတွဲရေးစပ်ထားပါတယ်။“Hotel Transylvania 3: Summer Vacation”ရဲ့ blue carpet premiere မိတ်ဆက်ပွဲကိုတော့ ဇွန်လ (၃၀) ရက်နေ့ ပြုလုပ်ခဲ့သလို ဒီ ဇာတ်လမ်းမှာ ပါဝင်ခဲ့ကြတဲ့ ဟောလီဝုဒ်စတား တွေ အားလုံးတက်ရောက်ခဲ့ကြပါတယ်။

ကာတွန်းကားလေးလို ထင်ရပေမဲ့ ဒီ ရုပ်ရှင်ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြမဲ့ ဟောလီဝုဒ် စတားတွေ ပရိသတ်တွေကို စိတ်ဝင်စားကြမယ် ထင်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင် တွေ ဖြစ်ကြတဲ့ ဒရက်ကူလာ Dracula အဖြစ် အက်ရှင်မင်းသားကြီး Adam Sandler ၊ ဒရက်ကူလာ သမက် Johnny အဖြစ် Andy Samberg ၊ ဗန်ဗိုင်ယာ မလေး Mavis အဖြစ် Selena Gomez ၊ နဲ့ ဘေဘီ ဗန်ဗိုင်ယာ Dennis လေး အဖြစ် ဟောလီဝုဒ် Asher Blinkoff တို့ က အသံဖြင့် အသီးသီး သရုပ်ဆောင်ပါတယ်။ နောက်မှာ Support ပေးတဲ့ ဒရက်ရဲ့ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ကိုယ်ပျောက်လူသား အဖြစ် ၊ မာမီ Murray အဖြစ် Keegan-Michael ၊ မြေခွေးဖေကြီး Wayne အဖြစ် Steve Buscemi ဖြစ်ပါတယ်။ ယခု နောက်ဆုံးထွက်ရှိတဲ့ Hotel Transylvania 3 မှာ ဗီလိန်လား ၊ လူကောင်းလား မသည်းကွဲတဲ့ ကပ္ပတိန်မလေး Ericka Van Helsing အဖြစ် က မင်းသမီး Kathryn Hahnက ဒီဇာတ်လမ်းမှာ အသစ် အနေနဲ့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

Hotel Transylvania 3: A Monster Vacation လို့ လည်း ခေါ်ဆိုနိုင်သလို ဒီ ဇာတ်လမ်းထဲမှာ အထီးကျန်နေတဲ့ Dracula ရဲ့ date လုပ်မဲ့သူကို ရှာဖွေဖို့ မွန်းစတား မိသားစုလိုက် ခရီး ထွက်ကြရင်း ဘယ်လို အလွဲလေးတွေနဲ့ ဟာသလေးတွေ နဲ့ ရယ်မောရမလဲ ဆိုတာကတော့ ပရိသတ်တွေ စိတ်ဝင်စားနေကြမယ် ထင်ပါတယ်။ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်အသစ်လေးတွေနဲ့ အတူ ပရိသတ်တွေရဲက အာရုံကို ဆွြဆောင်နိုင်ဆဲ ဖြစ်တဲ့ Hotel Transylvania 3 ကတော့ မြန်မာနိုင်ငံမှာ မကြာခင်မှာလည်း ရုံတင်ပြသနိုင်မှာပါ။

source: Hotel Transylvania 3: Summer Vacation/ wikipedia ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။