ပြီးခဲ့တဲ့ 13.7.2018 ရက်နေ့က တောင်ဥက္ကလာပမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ရေထဲမှာကျနေ တဲ့ ပြတ်တောက်လျှပ်စစ်ကြိုးကြောင့် ကလေးငယ်တစ်ယောက် အသက်ဆုံးရှုံးရတဲ့ကိစ္စနဲ့ ပက်သက်ပြီး တစ်နိုင်ငံလုံးက ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ သေဆုံးသူ ကလေး ငယ်ဟာ အသက် ဆယ့်သုံးနှစ်အရွယ် မောင်မျိုးမင်းထွန်း (ခ) ပေါက်စို့ဖြစ်ပြီး မိသားစုရဲ့ အကြီးဆုံးသားလည်းဖြစ်ပါ တယ်။ ပညာရေးမှာလည်းထူးချွန်တဲ့ကျောင်းသားတစ်ယောက် ဖြစ်တယ်လို့ လည်းသိရပါတယ်။

ဒီလိုတိုင်းပြည်ရဲ့ အနာဂတ်ကောင်းလေးတွေဆုံးရှုံးရတာဟာ တိုင်းပြည်အတွက် တကယ်ကို နစ်နာတဲ့ ကိစ္စရပ်ကြီးဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိတ်မကောင်းဖြစ်ခဲ့ကြရတဲ့ ကိစ္စတစ်ရပ်လည်း ဖြစ်ပါတယ်။ ကလေးငယ်ရဲ့မိသားစုဟာ ချို့တဲ့သူတွေဖြစ်တာကြောင့် လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ လည်း ထောက်ပံ့ကြေးပေးထားတယ်လို့လည်းသိရပါတယ်။

လက်ရှိမှာတော့ ယုန်လေးနဲ့မြင့်မြတ်တို့ကဦးဆောင်ပြီး နောက်ထပ်အလှူရှင်တွေနဲ့အတူ စုပေါင်း အလှူလေးကို ယုန်လေးက " ဓာတ်လိုက်ပြီး အသက်ဆုံးရူံးခဲ့သော ညီလေးအတွက် တတ်နိုင် သလောက် . ကျွန်တော်တို့ နဲ့ အတူ ဝိုင်းဝန်းကူပေးတဲ့ ညီအစ်ကိုများကိုလည်း အရမ်းကျေးဇူးတင်ပါသည်။

1 မြင့်မြတ် ယုန်လေး = ၁၀ သိန်း

2 ကိုအရည်ကြို = ၁၀ သိန်း

3 ကိုအုန်းဝင်း မအေးဝင်း

( Lucky Seven ) = ၅သိန်း

4 ကိုမျိုးကျော်ဇင် Sp Breaky = ၃ သိန်း

5 ကိုသားစိုး မငယ် ပန်းသီးလေး= ၁သိန်း

6 ကိုရွှေမန်း Media 7 = ၁သိန်း

7 ရှမ်းကန်လေအေးပေးစက် = ၂သိန်း

8 ကိုအောင်ဦး = ၁သိန်းခွဲ

စုစုပေါင်း = (33) သိန်း ၊ ငါးသောင်း " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီငွေ ကြေး ပမာဏဟာ ချို့တဲ့သူတွေအတွက်တော့ လတ်တလောအဆင်ပြေနိုင်တဲ့အနေအထား ဖြစ်လို့ တကယ်ကိုမွန်မြတ်တဲ့အလှူလေးပါပဲ။

Photo - Aung Phone Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။