တချိန်က ဒိတ်ဒိတ်ကျဲမင်းသမီးတစ်လက်ဖြစ်တဲ့ ပပဝင်းခင်ကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။အနုပညာလမ်းကြောင်းပေါ်ကို ရာစုနှစ်တစ်ခုတိုင်လျှောက်လှမ်းခဲ့ ပြီး အောင်မြင်မှုတွေရရှိခဲ့သူလည်းဖြစ်ပါတယ်။ယခုအခါမှာတော့ သူမရဲ့ ရိုးရှင်းတဲ့ အလှနဲ့ ချစ်စရာကောင်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ဓာတ်ပုံလေးတွေကတော့တကယ့်ကိုရိုးရှင်းပြီး မြင်ရသူပရိသတ်တွေရင်ထဲအေးမြစေမှာပါ။ပန်းကလေးတွေနဲ့ အပြိုင်လှနေတဲ့ သူမရဲ့ဓာတ်ပုံလေးတွေက ချစ်စရာကောင်းနေရုံမကပဲစွဲဆောင်မှုရှိနေတာကတော့အမှန်ပါပဲ။

ပန်းရောင်ဝမ်းဆက်လေးကို ဝတ်ဆင်ထားတဲ့သူမကတော့ ပန်းကလေးတွေထက် လှနေတာကို တွေ့မြင်ရပါတယ်။လတ်တလောအနုပညာလှုပ်ရှားမှုတွေနည်းနေပေမယ့်လည်း သူမရဲ့ပရိသတ်တွေကတော့ ယခုထိတိုင်အားပေးချစ်ခင်လျက်ရှိနေဆဲဖြစ်ပါတယ်။သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ချစ်စရာပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ရပါတယ်နော်...

သတင်းအရင်းအမြစ်-ပပဝင်းခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။