ညိမ်းသော်ဆိုတာနဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဆိုတာ ပရိသတ်တွေအားလုံးသိကြမှာပါ။ ဖြူဖွေးတဲ့အသားအရေရှိပြီး ချစ်စရာကောင်းတဲ့မျက်နှာကြောင့် ကိုရီးယားမင်းသားလို့ပင် ထင်မှတ်ရသူဖြစ်ပါတယ်။ ဖက်ရှင်မော်ဒယ်တစ်ယောက်အဖြစ် စတင်နာမည်ကြီးခဲ့တဲ့ ညိမ်းသော်ကအခုဆို သရုပ်ဆောင်မင်းသားအဖြစ် ရုပ်ရှင်ကားတွေပါ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

ညိမ်းသော်က "ည" ရုပ်ရှင်ကားကြီးမှာပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အောင်မြင်မှုတွေလည်း များစွာပိုင်ဆိုင်ရရှိခဲ့ပါတယ်။ ဖက်ရှင်ကအစ အမြဲSmart ကျတဲ့သူက ချစ်စရာကောင်းတဲ့ မင်းသမီးလေးတွေနဲ့အတူ Gym ကစားနေတဲ့ပုံရိပ်တွေကို သူရဲ့ Facebook စာမျက်နှာမှာတင်ခဲ့ပါတယ်။ မင်းသမီးလေးတွေဖြစ်တဲ့ ပန်းရောင်ခြယ်၊ သီရိစိုးတို့နဲ့အတူ Shootingတစ်ခုအတွက် ရိုက်ကူးနေတဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ညိမ်းသော်က Photo Shootingတွေနဲ့ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေရတာ တွေ့ရပါတယ်။ အမြဲလန်းနေတဲ့ ညိမ်းသော်ရဲ့ Gym ကစားနေပုံကလည်း အရမ်းကို ယောကျ်ားပီသပြီး ဆွဲဆောင်မှုရှိတာတွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ညိမ်းသော်နဲ့ အတူတွေ့ရတဲ့ ပန်းရောင်ခြယ်တို့ရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source: Nyein Thaw ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။