ကညွတ်ကို အများစုကတော့ ကြိုက်နှစ်သက်ကြပါတယ်။ ကညွှတ်က အစိမ်းရောင် ဟင်းသီး ဟင်းရွက်တစ်မျိုးဖြစ်ပြီး နေ့စဉ် စားသုံးသင့်တဲ့ ဟင်းရွက် တစ်မျိုးပဲ ဖြစ်ပါတယ်။ ကညွှတ်မှာ အဆီပါဝင်မှုက အရမ်းကို နည်းပြီး ကယ်လိုရီလည်း နည်းပါးလွန်းတာမို့ ကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။

ကညွှတ်မှ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ကညွှတ်မှာ ပါဝင်တဲ့ ဗီတာမင် ကေ ရဲ့အဓိကလုပ်ဆောင်ချက်က အရိုးသိပ်သည်းမှုကို ပိုကောင်းစေပြီး အရိုးပွရောဂါနဲ့အရိုးကျိုးအက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ကညွှတ်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း glutathione က အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ အပြင် ခရမ်းလွန်ရောင်ခြည် သို့မဟုတ် ပြင်ပ လေထုညစ်ညမ်း ပစ္စည်းတွေကြောင့် အရေပြားရောင်ရမ်းမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

ကညွှတ်က ခန္ဓာကိုယ်ထဲက ရေတွေကို ထုတ်ပယ်ပေးပြီး မလိုလားအပ်တဲ့ အငန်ဓာတ်နဲ့ အရည်ဓာတ်ပါဝင်မှုကို လျော့နည်းစေပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ကညွတ်မှာ အစာချေစနစ်အတွက် အရေးပါတဲ့ အမျှင်ဓာတ်တွေ အများအပြားပါရှိတာမို့ တခြား အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ဓာတ်ဖြစ်တဲ့ folate ပါဝင်မှုမြင့်မားတာကြောင့်လည်း မိခင်လောင်းတွေ စားသုံးသင့်ပါတယ်။

ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်အင်ဆူလင်တွေ ပေါများတာကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်စေတာပြီး ဗီတာမင် B complex ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

ကညွှတ်မှာပါဝင်တဲ့ ဗီတာမင် ဘီက ခန္ဓာကိုယ်ထဲက homocysteine ပမာဏကို လျော့နည်းစေပြီး ကိုလက်စထရောကို ကျဆင်းစေပါတယ်။

အမျိုးသမီးတွေ ရာသီလာချိန်မှာဖြစ်တဲ့ ဝေဒနာတွေ၊ ကိုက်ခဲတာတွေ၊ သွေးဆင်းများတာတွေကို သက်သာစေပါတယ်။

ကညွှတ်ရဲ့ niacin က အရိုးအဆစ်ရောင်ရမ်းမှုကိုလျော့ကျစေပြီး ကော့ပါးက တွယ်ဆက်တစ်ရှူးတွေကို ပြန်လည်ကောင်းမွန်စေတာကြောင့် နာကျင်မှုတွေ၊ တောင့်တင်းမှုတွေကို သက်သာစေနိုင်ပါတယ်။

ကညွှတ်က ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိသော်လည်း အချို့သော လူ အနည်းစုနှင့် ဓါတ်မတည့်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကညွှတ်စားပြီးနောက် ဓာတ်မတည့်မှုလက္ခဏာပျော့ရင်တော့ အရေပြားနဲ့မျက်စိမှာ ယားယံနီရဲစေနိုင်ြင်္ပီး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပါတယ်။ ပြင်းထန်လာရင်တော့ နှာပိတ်ခြင်း၊ ဖောရောင်ခြင်း၊ချွဲကြပ်ခြင်း၊ ပန်းနာ၊ ဝမ်းလျှောခြင်း၊ ခေါင်းမူးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒီလို ဖြစ်လာခဲ့တယ် ဆိုရင် ကညွှတ်စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ တချို့မှာလည်း အခြားသော ဆိုးကျိုးများ မရှိဘဲ ဆီးအနံ့ပြင်းလွန်းတာမျိုး ရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်များ အနေနဲ့ ကညွှတ်ကို အလွန်အကျွံ စားသုံးတဲ့အခါ သန္ဓေသားရဲ့ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး မိခင်နို့ကိုပါ အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ အာဟာရအဖြစ်သာစားသင့်ပြီး ဆေးဝါးအဖြစ်အများကြီးမစားသင့်ပါဘူး။

သတင်းအရင်းအမြစ် - Asparagus for Health 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။