ရုပ်ရှင်လောကကို ပုံမှန်တွေ့နေကျ ရုပ်ရှင်ဇာတ်လမ်းနဲ့ သမာရိုး ကျနည်း ပညာမျိုးတွေကို ထိုးဖောက်ပြီး "ဥပါယ်တံမျဉ် " နဲ့" မုန္ဒြာခေါ်သံ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားနဲ့ ပရိသတ်တွေရင်ထဲကို ရောက်ရှိလာခဲ့တဲ့ မင်းသား၊ ဒါရိုက်တာ ဇဏ်ခီ ကတော့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကကို တမျိုးတနည်း တဖုံနဲ့ ထိုးဖောက်ဝင်ရောက်လာသူ လို့ ဆိုရမှာပါ။ ရုပ်ရှင်ဇာတ်ကားကြီးက ရရှိတဲ့ အကျိုးအမြတ်တွေကို ပရဟိတလုပ်ငန်းတချိုက မှာ လှူဒါန်းမှုတွေ လည်း ပြုလုပ်ခဲ့သလို ဒါရိုက်တာ၊ မင်းသား ဇဏ်ခီ နဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စနားခီ နဲ့ စိတ်တူကိုယ်တူ ပါရမီတွေ ဖြည့်ခဲ့ကြသူတွေလို့ ဆိုရမှာပါ။

ပရိသတ်တွေက ခီမောင်နှံ လို့ တင်စားကြသလို အားကျဖွယ် အိမ်ထောင်ရေးနဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသလို လက်ရှိမှာောတ့ ချစ်စရာ သားလေး တစ်ယောက် ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ဇနီးဖြစ်သူ ခရစ္စနားခီ ယောဂီ ဝင်ချိန်မှာလည်း ဇဏ်ခီ တယောက် ကုသိုလ် တစ်ယောက် လက်မနေး ပါဝင် ပါရမီ ဖြည့် ပေးခဲ့ သလို၊ လွန်ခဲ့တဲ့ ရက်တပတ်လောက်က မင်းသား ဇဏ်ခီ သာသနာဘောင်ကို ခဏတာ ဝင်ရောက်နေချိန်မှာလည်း ဇနီးဖြစ်သူ ခရစ္စနားခီက ပြန်လည် ပါရမီ ဖြည့်ပေးခဲ့ပါတယ်။

သာသနာဘောင် ခဏတာ ဝင်ရောက်ပြီး မေအးချမ်းမှုတွေကို ရှာဖွေ့ခဲ့တဲ့ ဇဏ်ခီ အနေနဲ့ လူဝတ်လဲ ကာ အနုပညာ အလုပ်တွေကို ပြန်လည် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဝါသနာပါလှတဲ့ အနုပညာ၊ ရုပ်ရှင်ပညာတွေကို နိုင်ငံတကာ စံနှုန်းနဲ့ ညီအောင် အတူလေ့လာ၊ သင်ယူခဲ့ ကြပြီး အတူ ကြိုးစားနေကြတဲ့ ခီမောင်နှံ ဟာ မြန်မာနိုင်ငံရဲ့ရုပ်ရှင်လောကကို တမျိုးတဖုံပြောင်းလဲ စေခဲ့သလို ခေတ်မီ၊ စံချိန်မီ တဲ့ ရုပ်ရှင် ရသ အပြည့် ပါတဲ့ ဇာတ်လမ်းမျိုးတွေကို ပရိသတ်တွေလက်ထဲ အရောက်ပို့ နိုင်အောင် ကြိုးစားနေသူတွေ လို့ ဆို ရမှာပါ။

source: Zenn kyi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။