လတ်တလော အစ္စဏီ နဲ့ စူးရှထက်အမှုတွဲ ကိစ္စ ဟာ တစ်စတစ်စ နဲ့ ခက်ခဲနက်နဲလာနေတဲ့ အမှုတစ်ခုဖြစ်ပြီး နှစ်ဖက်ပရိသတ်တွေကလည်း စိတ်ဝင်တစားစောင်ကြည့်နေကြတာပါ ။ မကြာသေးခင်က တရားလိုစူးရှထက်ဘက်ကနေ ရုံးပြောင်းလျှောက်ထားခဲ့ပါတယ်။

ရုံးပြောင်းလျှောက်ရန် လျှောက်ထားခဲ့တာကတော့ အမှန်တရားမပေါ်ပေါက်နိုင်ကြောင်း ၊ ဆက်လက်ပြီး တရားသူကြီး ရဲ့ တရားစီရင်နိုင်စွမ်း နဲ့ ဘက်လိုက်မှုရှိနိုင်တယ် ဆိုတာကို စွပ်စွဲ အကြောင်းပြပြီး တရားလိုများဘက်မှ လျှောက်ထားခဲ့တယ်လို့သိရပါတယ်။ တရားပြိုင် အစ္စဏီရဲ့ ရှေ့နေဖြစ်တဲ့ ဦးကျော်ဇင်ဦးကတော့ တရားစီရင်ရာမှာ တရားလိုတွေထင်သလို မျိုး တရားသူကြီးက ဆောင်ရွက်ခဲ့တာမျိုးမရှိတဲ့အတွက် မူလ တရားရုံးမှာဘဲစစ်ဆေးစေမှာဖြစ်တယ်လို့ဆိုပါတယ်။

ရုံးပြောင်းလျှောက်ထားခံရပေမယ့် လတ်တလောမှာ စွပ်စွဲခံထားရတဲ့ အစ္စဏီ အနေနဲ့ အမှုကို အချုပ်ထဲကနေရင်ဆိုင်နေရတာဖြစ်လို့ တရားလိုဘက်က ရုံးပြောင်းစစ်ဆေးဖို့ တောင်းဆိုပြီး ကြန့်ကြာအောင်တမင်လုပ်နေတဲ့ ကိစ္စတွေထပ်မံမဖြစ်ပေါ်စေဖို့ အမြန်ဆုံး ဆောင်ရွက်သွားမယ်လို့လည်း တရားပြိုင်ရှေ့နေ ဦးအောင်ကျော်ဦးက Myanmar load ကို အတည်ပြု ပြောကြားခဲ့ပါတယ်။ လာမည့်ရုံးချိန်းကိုတော့ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ စတင်ကြားနာတော့မယ်လို့ဆိုပါတယ်။

လတ်တလောအနေနဲ့ ရုံးပြောင်းကိစ္စအတည်ဖြစ်မဖြစ်ကို နှစ်ဖက်ရှေ့နေတွေရဲ့ အပြင်းအထန်လျှောက်လဲချက်တွေကို နှစ်ပတ်တိတိကြားနာပြီး အရှေ့ပိုင်းခရိုင်တရားရုံးကနေဆုံးဖြတ်မှာဖြစ်တယ်လို့ဆိုပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာ ရာဇဝတ်အထွေထွေအမှုအနေနဲ့ စတင်ဆောင်ရွက်မယ်လို့လည်းသိရပါတယ်။ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ အွန်လိုင်းပေါ်ကအသံဖိုင်တစ်ခုကြောင့် နှစ်ဖက်ပရိသတ်တွေအကြားမှာလည်း ဝိဝါဒကွဲစရာတွေပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဒီအမှုနဲ့ ပတ်သက်ပြီး ပရိသတ်တို့ အမြင်လေးတွေသိပါရစေ ...... မှတ်ချက်မှာ ပြောဲပပေးသွားကြပါနော်။

Exclusive on Myanmar Load.

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။