ရုပ်ရှင်နဲ့ဗီဒီယိုလောကမှာ အက်ရှင်မင်းသားတစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေရင်ထဲ စွဲမက်စွာနေရာယူခြင်းခံထားရတဲ့ မင်းသားချော မင်းရာဇာကတော့ ခပ်ကြမ်းကြမ်းအက်ရှင်တွေ သဘာဝကျတဲ့ ဇာတ်ရုပ်တွေနဲ့ နာမည်ကျော်ကြားတဲ့မင်းသားတစ်ဦးဖြစ်ပါတယ်။မင်းရာဇာကတော့လက်ရှိမှာ အနုပညာလုပ်ငန်းတွေလည်း အလျင်းသင့်သလိုလုပ်ကိုင်ရင်း ချစ်ရတဲ့ဇနီးချောလေးရယ် ချစ်စရာကောင်းတဲ့သမီးလေးရယ်နဲ့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ ချွေးသံရွဲရွဲနဲ့ သွေးထွက်သံယို ခပ်ကြမ်းကြမ်း တိုက်ခန်းခိုက်ခန်းတွေမှာသာ မြင်ရတဲ့ မင်းရာဇာကို ဒီတစ်ခေါက်မှာတော့ မိတ်ကပ်နှုတ်ခမ်းနီများနဲ့ ထူးထူးခြားခြားမြင်တွေ့ရပါတယ်။ 

အက်ရှင်မင်းသားကြီးရဲ့ မျက်နှာပေါ်က မိတ်ကပ်နှုတ်ခမ်းနီးများနဲ့ ထူးခြားတဲ့လက်ရာတွေကတော့ မင်းရာဇာရဲ့ တစ်ဦးတည်းသော ချစ်သမီးလေးရဲ့ လက်ရာလေးတွေပဲ ဖြစ်ပါတယ်။လူဆိုးလူမိုက်တွေနဲ့ ကြမ်းကြမ်းတမ်းတမ်းဖိုက်တင် Play ခဲ့တဲ့မင်းရာဇာကတော့ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ နေရာယူထားတဲ့ လူလည်မလေးချစ်သမီးလေးရဲ့ လက်အောက်မှာ ကျေကျေနပ်နပ်ကြီးကို အရှုံးပေးလိုက်ရတာပဲ ဖြစ်ပါတယ်။သမီးလေးမိတ်ကပ်၊နှုတ်ခမ်းနီပြင်ဆင်ပေးမှုတွေကို ပြုံးပြုံးကြီးခံယူရင်း သမီးလေးအလိုတော်ကျ လိုက်ရောပေးနေတဲ့ ချစ်စရာကောင်းတဲ့ ဖေဖေမင်းရာဇာပဲ ဖြစ်ပါတယ်နော်။ 

မင်းရာဇာရဲ့လူမှုကွန်ယက်မှာတော့ " လိုချင်ခဲ့တာသားလေး သမီးလေးဆိုတော့လည်း သန်မာဖို့အရေးကြီးတယ်လေ သူ့စိတ်ကြိုက်လိုက်ရင်းကိုယ်လည်း" ဆိုတဲ့စာလေးနဲ့အတူ ကြည်နူးဖို့ကောင်းတဲ့သူတို့သားဖနှစ်ဦးရဲ့ ပုံလေးတွေ မျှဝေထားတာပဲ ဖြစ်ပါတယ်။မင်း ရာဇာကတော့ သမီးလေးအပေါ်တော်တော်လေးကို အလိုလိုက်ပြီးချစ်တဲ့အပြင် သွန်သင်ဆုံးမ လမ်းပြမှုတွေနဲ့ တာဝန်ကျေတဲ့ဖခင်တစ်ယောက်ဆိုတာ ပရိသတ်တွေမြင်သာမယ်ထင်ပါတယ်နော်။ချစ်စရာကောင်းတဲ့ သူတို့သားဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - မင်းရာဇာ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။