သရုပ်ဆောင်သီဟတင်စိုးရဲ့ နေအိမ်မှာ အိမ်အကူလုပ်တဲ့ အမျိုးသမီးဖြစ်သူ မခင်မာညို (ခ) မခင်မာမြင့်ကို သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့် သည်ဟုဆိုတာ သုဝဏ္ဏရဲစခန်း မှာ ရာဇသတ်ကြီးပုဒ်မ (၃၇၆) နဲ့ မခင်မာမြင့်က တရားလိုပြုလုပ်တိုင်တန်းခဲ့တဲ့ ဖြစ်ရပ်ဟာ လက်တလော ပရိသတ်တွေကြားမှာ ဂယက်ထနေခဲ့တဲ့သတင်း တစ်ပုဒ်ဖြစ်ဖြစ်ပါတယ် ။ သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ မဇင်မာဦးကလည်း အရမ်းကို ပူဆွေးသောကရောက် နေရရှာ တာပါ ။

ဒီအမှုနဲ့ပတ်သတ်ပြီး အမှုဆင်ပြီး တရားလို အမျိုးသမီးဘက်က လုပ်ကြံပြောဆိုတယ်ဆိုတဲ့ တစ်ချို့သော သက်သေတွေလည်း ထွက်ပေါ်ခဲ့ပါတယ် ။ အဲ့လို သတင်းတွေထွက်ပေါ် လာတဲ့ အပေါ် သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ ဇင်မာဦးကလည်း သူမရဲ့ အမျိုးသားအပေါ် ယုံကြည်မှု အပြည့်ဝရှိတယ်လို့ မီဒီယာအချို့ရဲ့အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ် ။ လက်ရှိမှာတော့ လွန်ခဲ့တဲ့ 5နှစ်ခန့်က လည်း တရားလိုအမျိုးသမီးဟာ အလားတူ ငွေညှစ်တာခဲ့တာကို ခံခဲ့ရဖူးတဲ့ သူတစ်ယောက်က သက်သေထွက်ဆိုပေးချင်ပါတယ်ဆိုပြီး မဇင်မာဦးတို့မိသား စု ကို ဆက်သွယ်လာပါတယ် ။ အမှုကတော့ စိတ်ဝင်စားစရာကောင်းနေပါပြီ ပရိသတ်ကြီးရေ .. ။

ဒီလိုပျံ့နှံ့လာတဲ့အကြောင်းအရာတွေနဲ့ပက်သက်လို့ မှန်သည်မှားသည်ဆိုတာတော့ ဘယ်သူကမှအတိအကျမသိသေးပဲ စစ်ဆေးနေဆဲကာလပဲ ဖြစ်ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင် တစ်ယောက်ဘက်ကနေ အနုပညာရှင်တော်တော်များများက ဝန်းရံနေကြ သလို တရားလိုအမျိုးသမီးနဲ့ပတ်သတ်တဲ့ ငွေညှစ်တဲ့ သတင်းတွေကလည်း ထွက်ပေါ်လာ တဲ့အတွက် အမှန်တရား အမြဲဆုံးပေါ်ပေါက်ပါစေလို့ဘဲ ဆုတောင်းပါတယ် ။

Source : Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။