သာယာပျော်ရွှင်တဲ့အချစ်ရေးလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ အနုပညာရှင်ဆယ်လီစုံတွဲ လေးတွေထဲမှာ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ အဆိုတော်ရဲရင်အောင်နဲ့ မော်လ်ဒယ် သရုပ်ဆောင်မင်းသမီးချောလေး ဧငြိမ်းဖြူတို့ကလည်းအပါအဝင်ပါပဲ..။ ချစ်စရာကောင်းပြီး အမြဲလိုက်ဖက် ညီတဲ့ သူတို့ချစ်သူစုံတွဲလေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ကြည်နူး စရာကောင်းတဲ့ ချစ်ခရီးလမ်းလေးကို အတူတူလျောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။

နှစ်ယောက်သားရဲ့အချစ်ရေးဟာလည်း တစ်နှစ်ကျော်ကာလကိုတိုင်ခဲ့ပြီဖြစ်ပြီး တစ်ယောက် နဲ့တစ်ယောက် စာနာနားလည်ဖေးမရင်းနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတာဖြစ်ပါ တယ်။ လူငယ်တွေဖြစ်သည့်အလျောက် ကတောက်ကဆတွေရှိပေမယ့်လည်း ချစ်တဲ့စိတ်နဲ့ ပဲ အချိန်တန် ပြန်ပြေလည်သွားကြပါတယ်။ နှစ်ယောက်သားက ဓာတ်ပုံလေးတွေလည်း အတူတူတွဲရိုက်တတ်ပြီး ရိုဆန်ဆန်လေးနဲ့ ကြည်နူးစရာကောင်းတဲ့ စုံတွဲလေးပါပဲ။

နှစ်ယောက်သားက သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေ တာမို့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ ဆယ်လီစုံတွဲလေး လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း လောက်က ဧငြိမ်းဖြူက သူမတို့ချစ်သူနှစ်ယောက် အပြန်အလှန်ပြောထားတဲ့ Chat List လေးကို Screen Shot ရိုက်ကူးပြီး သူမရဲ့ Facebook My Day မှာတင်တားတာပဲဖြစ်ပါ တယ်။ တကယ်ကိုအားကျစရာကောင်းလွန်းတဲ့သူမတို့ချစ်သူနှစ်ဦးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo - A Nyein Phyu / Ye Yint Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။