အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံခရီးစဉ်မှ အပြန်တွင် ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရပာတယ်။ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းတွင် ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး လုပ်ကြံသူကို ဖမ်းဆီးမိခဲ့ပါတယ်။ 

မြန်မာနိုင်ငံကို ဆင်းရဲတွင်းထဲကနေလွတ်မြောက်အောင် တက်ညီလက်ညီကြိုးစားနေတဲ့အချိန်မှာ မြန်မာပြည်ရဲ့တန်ဖိုးထားရလောက်တဲ့ အတော်ဆုံးရှေ့နေတွေထဲကတစ်ဦးဖြစ်သူ ဦးကိုနီဟာ အချိန်မတန်ခင်မှာပဲ အကြွေစောခဲ့ရပါတယ်။ ဒီလုပ်ကြံမှုရဲ့နောက်ကွယ်ကအကြောင်းအရင်းကို တိတိကျကျဖော်ထုတ်စစ်ဆေးချက် အခုချိန်ထိမထုတ်ပြန်သေးပေမယ့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေရင်း ကွယ်လွန်သွားတဲ့သူတစ်ယောက်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ 

ဦးကိုနီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ဖို့ ရေးဆွဲထားတဲ့ ဥပဒေစာအုပ်ကြီးကို ထုံးလိုချေ ရေလိုမွှေခဲ့တဲ့သူတယောက်ဖြစ်ပြီး ဥပဒေရဲ့ဟာကွက်ကို ထောက်ပြပြီး သမ္မတအထက်မှာ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ရာထူးရှိတယ်ဆ်ုိတာ ချပြသွားတဲ့ မြန်မာနိုင်ငံရဲ့ အတော်ဆုံးရှေ့နေတယောက်လဲဖြစ်ပါတယ်။ 

ဘာသာရေးပဋိပက္ခစတာလား၊ နောက်ကွယ်က ခိုင်းစေသူကို ပြည်သူတွေအားလုံးက အမျိုးမျိုးထင်ကြေးပေးခန့်မှန်းနေကြပေမယ့် မြန်မာနိုင်ငံအတွက် တတ်ထားတဲ့ပညာအရည်အချင်းနဲ့ အကောင်းမွန်ဆုံးကြိုးစားနေတဲ့ ဥပဒေနယ်ပယ်ကလူတစ်ယောက်ကတော့ အသက်ပေးခဲ့ရပြီပဲဖြစ်ပါတယ်။

Photo Source : Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။