မော်ဒယ်သရုပ်ဆောင်မလေး ဖူးပွင့်သခင်ကတော့ လက်တလောလူမှုကွန်ယက်မှာ သံတိုင်တွေတောင် ကွေးသွားအောင်လုပ်နိုင်တဲ့ သူလေးအဖြစ်နဲ့ ပရိသတ်တွေ ပြောစမတ်ပြုနေကြပါတယ်။အကြောင်းကတော့ သူမရဲ့ လူမှုစာမျက်နှာအထက်က ဓာတ်ပုံလေးတွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။သူမကိုသံတိုင်ကွေးလို့ဝေဖန်နေကြတဲ့ ပရိသတ်တွေကတော့ မျက်စိအင်မတန်လျင်တဲ့ အာဂလူသားတွေလို့ ပြောရမလားပဲနော်။ 

သူမကတော့ ဇူလိုင်လ(၁၅)ရက်နေ့မှာ သူမရဲ့ လူမှုကွန်ယက်ကနေ မြန်မာဝတ်စုံနဲ့ ပုံရိပ်လေးတွေ မျှဝေခဲ့ပါတယ်။သူမမျှဝေထားတဲ့ ပုံလေးတွေထဲမှ ထိုင်လျက်အနေအထားနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတစ်ပုံရဲ့ နောက်ခံ Backgroundဖြစ်တဲ့ ခြံစည်းရိုးက သံတိုင်လေးတွေဟာ အနဲငယ်ကွေးနေခဲ့တာပဲ ဖြစ်ပါတယ်။အမှတ်တမဲ့ကြည့်ရင် မမြင်ရပေမယ့် မျက်စိကောင်းလွန်းတဲ့ ပရိသတ်တွေက သံတိုင်တွေ အနဲငယ်ကွေးနေတဲ့ ပုံလေးကိုမြင်တွေ့ခဲ့ပြီး သူမကို သံတိုင်ကွေးလို့ လူမှုကွန်ယက်မှာ အမည်တွင်စေခဲ့တာပဲ ဖြစ်ပါတယ်။ 

ဖူးပွင့်သခင်တင်ခဲ့တဲ့ ပုံရိပ်လေးတွေထဲမှာလည်း ပရိသတ်တွေဝေဖန်နေကြတဲ့ ဓာတ်ပုံလေးဟာ အရမ်းကိုဆွဲဆောင်မှုအရှိဆုံး ဓာတ်ပုံလေးတစ်ပုံဖြစ်သလို သူမရဲ့ ကောက်ကြောင်းအလှကို ထင်သာမြင်သာရှိစေခဲ့တဲ့ဓာတ်ပုံလေးပဲဖြစ်ပါတယ်။မြန်မာဝတ်စုံလေးနဲ့ လုံလုံခြုံခြုံရင်သက်ရှု့မငြီးဖွယ် အလှဓာတ်ပုံလေးတွေဖြစ်ပေမယ့်လည်း ခြံစည်းရိုးသံတိုင်လေးကွေးနေတဲ့ ဓာတ်ပုံလေးတစ်ပုံကြောင့် ဖိုတိုရှော့နဲ့ ပြုပြင်ထားလားဆိုပြီး ပရိသတ်တွေမေးခွန်းထုတ်စရာ ဝေဖန်စရာတွေဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။သူမရဲ့ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့အတူ ဝေဖန်ခံနေရတဲ့ဓာတ်ပုံလေးကိုပါ ပရိသတ်တွေ ကိုယ်တိုင်ကြည့်ရှု့ဆုံးဖြတ်နိုင်စေရန်အတွက် မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ဖူးပွင့်သဇင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။