ဂျပန်နိုင်ငံ ဟော့ကိုင်းဒို ကျွန်းပေါ်မှာ နေထိုင်လျက်ရှိတဲ့ အဘိုးအို တစ်ဦးဟာ အသက် ၁၁၂ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ အတွက်ကြောင့် ကမ္ဘာ့ အသက်အကြီးဆုံး အဖြစ် စံချိန်တင်သွားခဲ့ပါတယ်။ အဘိုးအိုရဲ့ နာမည်ကတော့ မာဆာဇိုနိုနာကာဖြစ်ပြီး ၁၉၀၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။

အဘိုးအိုဟာ သူ့ရဲ့ မိသားစုနှင့်အတူ ပျော်ရွှင်စွာနေထိုင်လျက်ရှိပြီး ဂရင်းနစ်စံချိန်အဖွဲ့က ပေးအပ်တဲ့ တရားဝင်အသိအမှတ်ပြုတဲ့ မှတ်တမ်းလွှာကို ၎င်းရဲ့နေအိမ်မှာ ဧပြီ ၁၀ရက်က လက်ခံရရှိခဲ့ပါတယ်။အဘိုးအို မာဆာဇိုနိုနာကာ ဟာ ယခုလို အသက်ရှည်ရှည် နေထိုင်ရနိုင်ခြင်းကို သူ့ရဲ့ မြေးမလေး ဖြစ်သူက အခုလိုပဲ ပြောကြားထားပါတယ်။

“အဘိုးက ဘီးတပ်ကုလားထိုင်နဲ့ ရွေ့လျားသွားလာရပေမဲ့ ကျန်းမာရေးကတော့ ကောင်းပါတယ်၊ သူက အချိုအစားအစာမှန်သမျှ အကုန်ကြိုက်တယ်၊ ဂျပန်စာဖြစ်ဖြစ်၊ အနောက်တိုင်းစာဖြစ်ဖြစ် စားပါတယ် “ လို့ ပြောထားပါတယ်။ အဘိုးအိုဟာ နေ့စဉ် သတင်းစာဖတ်လေ့ရှိပြီး ရေပူစမ်းမှာ မကြာခဏ ရေစိမ်လေ့ရှိတယ်လို့ လည်း သိရပါတယ်။ အဘိုးအိုဟာ မွေးချင်းများအဖြစ် ညီခုနစ်ဦးနဲ့ ညီမတစ်ဦးရှိပြီးသူတို့နဲ့ အတူ ပျော်ရွှင်စွာ နေထိုင်လျက်ရှိပါတယ်။  

Source : UPI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။